အခန်း (၁၄)
"ဝေါ ပြောက် ပြောက် "
မိုးရွာသွန်းမှုကြောင့် အိမ်၏အမိုးပေါ် မိုးရေစက် ကျလို့ မြည်ဟီးနေတဲ့ အသံစုံနှင့် ဝေါခနဲ ဝေါခနဲ ရေစီးဆင်းသံတွေ ထွက်ပေါ်လို့ လာရလေသည်။
သျှန်တစ်ယောက် မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး ညကတည်းက အားကြီးစွာရွာနေတဲ့ မိုးကြောင့် အိမ်မှာနေရမဲ့ကိန်းမို့ ပေါ့ပါးသော ဝတ်စုံသာ ဝတ်ဆင်ထားလိုက်လေသည်။မိုးကို ကျေးဇူးတင်ရမယ်၊လဝန်းလေး အိမ်မှာနေမဲ့ရက်မှာ ရွာပေးလို့ပေါ့။သူလည်း ဆိုင်ကိုမသွားတော့ပေ။
"သူရ ဒီနေ့တော့ အစ်ကို ဆိုင်မလာတော့ဘူးနော်၊ညကြရင် တောင်ပေါ်အိမ်ကို အကုန်လုံးလာခဲ့ဖို့ ပြောပေးအုံး"
"....."
"အေး မင်းတို့ စိတ်ကြိုက် ဝယ်လာခဲ့၊ကျသင့်ငွေ အစ်ကိုရှင်းမယ်"
"...."
"အဟားးး မဟုတ်ပါဘူးကွာ ၊မိုးရွာနေလို့ မလာတာ"
"...."
သူရနိုင်ကို သျှန် ဖုန်းဆက်ပြောဆိုပြီးသည်နှင့် Laptop အားဖွင့်ကာ ညက အိပ်မပျော်သည်နှင့် order တင်ထားသော ပစ္စည်းစာရင်းတွေ အကုန်ရောက်မရောက် စစ်ဆေးရင်းးး ညက နှစ်ယောက်သာ လသာဆောင်မှာ ဉာဉ့်နက်တဲ့အထိ ထိုင်မိပုံကို သတိရကာ ပြုံးမိသေး၏။"ကိုကို အရမ်းမှောင်လာတယ်နော်"
"အင်းး နှင်းတွေကျတာထင်တယ်"
"ဟင် မိုးတွင်းကြီးလေ ကိုကိုကလဲ နှင်းကကျပါ့မလား"
"မသိဘူးလေ လဝန်းရဲ့၊မီးရောင်တွေတောင် ဝါးကုန်ပြီ"
"မိုးရွာမယ် ထင်တယ် ကိုကို"
"မရွာပါဘူး လဝန်း....၊ဟာ ဟုတ်တယ်၊မိုးဖွဲတွေ ကျလာပြီ "သျှန့်စကားပင် အဆုံးမသတ်လိုက်ပေ။မိုးက ရွာလာခဲ့လေ၏။ သျှန် မတ်တပ်ရပ်ပြီးပေမဲ့ လဝန်းမထသေး၍
"လဝန်း ထလေ ၊မိုးတွေ ရွာနေပြီ"
"လဝန်းထမရဘူး ကိုကို၊ခြေထောက် ကျင်နေတယ်"
"ဟင် ဟုတ်လား"
သျှန် လဝန်းကိုယ်လေးအား ဒူးကွေးနေရာကနေ မချီလိုက်ပြီး အောက်ထပ်သို့ ဆင်းလာခဲ့မိသည်။
"မိုးရေတွေ စိုကုန်ပြီ ကိုကို"
"ရတယ် လဝန်းသက်သာရဲ့လား"
"ဟုတ် ကိုကို၊လဝန်းကြောင့် စိုကုန်ပြီ၊ Dryerနဲ့မှုတ်ပေးရမလား"သျှန်ရယ်ကာ ခေါင်းညိမ့်ပြသည့်အခါဝယ် လဝန်းမျက်စောင်းလေးထိုးလို့ သူမလေးနေရာ အခန်းထဲဝင်ပြီး Dryer ယူစဉ် သျှန်နောက်ကနေ လိုက်ဝင်ခဲ့မိလေသည်။
လဝန်း Dryer ယူပြီးချိန် နောက်လှည့်သည့်အခါ
"အမေ့!!!ကိုကို့!!!"
"အဟွန်း လန့်သွားလား"
"လန့်တာပေါ့လို့"
သျှန်တစ်ယောက် လဝန်းကိုယ်လေးအား ခါးမှ ထိန်းဖက်ကာ ရင်ခြင်းအပ်ထားမိလိုက်လေသည်။
"ကိုကို့ အင်္ကျီတွေစိုနေတယ်လေ"
"ရတယ်၊ကိုကို့လဝန်းလေးက နှံပီစုပ်လေးအပြင် ပုရစ်လေးလိုလဲ အော်တတ်တယ်နော်၊အသံလေးကို စူးနေတာပဲ"
"ကိုကိုနော် လွှတ်အုံး ၊Dryer ချိတ်အုံးမယ်"
"ပေး ကိုကို တပ်လိုက်မယ်"
YOU ARE READING
သက်ဆုံးတိုင် မခွဲချင်
Romance၅ နှစ်တာ ချစ်ခဲ့တဲ့ချစ်သူရဲ့ လမ်းခွဲခြင်းကို ခံခဲ့ရလို ၁ နှစ်ကျော် လေလွှင့်နေတဲ့ သျှန်၊သျှန့်မမရဲ့ တစ်ပည့်မလေးကို တွေ့ပြီးမှ ရင်ခုန်သံတွေ အသစ်ပြန်ဖြစ်မလား၊ချစ်သူဟောင်းကိုပဲ တမ်းတလွမ်းဆွတ်နေမလား မျက်နက်ဝန်းလေးနဲ့ မျက်စောင်းထိုးတိုင်း ရယ်မောလိုက်တို...