အခန်း (၁၀)

420 11 0
                                    

အခန်း (၁၀)

"သမီးလေး သွားလာတဲ့ လမ်းခရီး ဖြောင့်ဖြူးပါစေကွယ်"
"ပေးတဲ့ဆုနဲ့ ပြည့်ပါစေ ဖေဖေ၊မေမေ လဝန်းကို ဆုပေးအုံးလေ"
"အဟင်းး မေမေ့သမီး အခုလို မိဘအပေါ် သိတတ်လိမ္မာတဲ့အတွက် သွားလမ်းသာလို့ လာလမ်းဖြောင့်ပါစေကွယ်"
"မေမေပေးတဲ့ဆုနဲ့ ပြည့်ပါစေ"
"သားတို့နှစ်ယောက်လဲ ခရီးလမ်းဖြောင့်ဖြူးသာယာပါစေကွယ်"
"ဟုတ်ကဲ့ အန်တီ၊ပေးတဲ့ဆုနဲ့ပြည့်ပါစေ"

လဝန်းတို့ မနက် ၁၀ နာရီ ပြည်ကနေ တောင်ကြီးသို့ သွားဖို့ရာ ဖေဖေနှင့်မေမေ့အား ကန်တော့နေခြင်းပင်။လဝန်းလိုပင် ကိုကိုလူဆိုးကြီးနှင့် သူ့သူငယ်ချင်းပါ စာအိတ်ထဲ ပိုက်ဆံထည့်၍ မေမေနဲ့ဖေဖေ့ကို ကန်တော့လေရဲ့။

"သားဒယ်ဒီနဲ့မာမီကိုလည်း သတိရတဲ့အကြောင်း ပြောလိုက်ပါအုံး၊ပြည်ကိုလည်း လာလည်ပါအုံးလို့ သားရေ"
"ဟုတ်ကဲ့ အန်ကယ် ပြောလိုက်ပါ့မယ်"
"ကားကို ဖြေးဖြေးမောင်းကြနော်၊ဟိုကို မှောင်မှရောက်မှာပေါ့"
"သားတို့ ကလောအိမ်ကို ဝင်တည်းမယ်၊မနက်လင်းမှ တောင်ကြီးတက်မယ် အန်တီ"
"အေးအေး သမီးလဝန်း ဟိုရောက်ရင် ဖုန်းဆက်နော်"
"ဟုတ် မေမေ၊တီချယ့်ကိုလည်း ဂရုစိုက်ကြအုံး"
"အင်းပါ "

လဝန်းတို့ ၁၀ နာရီထိုးခါနီးတာနဲ့ မေမေနဲ့ဖေဖေ့အား လက်ပြနှုတ်ဆက်ကာ လဝန်းတို့အိမ်ရှိရာ ရတနာလမ်းထဲကနေ ကားမောင်းထွက်လာခဲ့ကြလေ၏။
"လဝန်း တစ်ယောက်ထဲ ထိုင်လို့ ဖြစ်ရဲ့လား"
"ဟုတ်"
သူ့ရဲ့အမေးကို ရှက်မျက်နှာရဲရဲလေးဖြင့် ဟုတ်တစ်လုံးသာ ပြန်ဖြေလေ၏။ ကြောင်နက်ကောင်းမှုဖြင့် သူမလေးဆီမှ ကိုကိုခေါ်သံကြားလိုက်ရသလို သူမလေးဆီမှ ချစ်တယ်ဆိုတဲ့ နှုတ်ထွက်စကားကို မရသော်လည်း သူကတော့ ချစ်သူတွေဖြစ်နေပြီဟု ပြောထားရ၏။
သျှန် စိုင်းဟိန်းမောင်းသော ကားကို အခန့်သားစီးရင်း ပြီးခဲ့သော ညကအဖြစ်အပျက်ကို ပြန်တွေးကာ ရင်ခုန်သံအသစ်တွေ ဖြစ်ရပြန်ပြီ။

ထိုညက လဝန်းလေး၏ ချိုမြိန်လှတဲ့ နှုတ်ခမ်းလွှာလေးအား စိတ်ကြိုက်စားသုံးပြီးလေမှ သူမလေးနှုတ်ခမ်းအား လွှတ်ကာ ပေးသည့်အခါ သူ့ရင်ဘတ်အား တစ်ဘုတ်ဘုတ်ထုကာ လူဆိုးကြီးဟု ထပ်တစ်လဲလဲ ပြောကာနေလေရဲ့။
မီးဖိုခန်းတံခါးအားပြန်ပိတ်၍ မီးတွေပိတ်လို့ သျှန်သူမလေးလက်ကိုဆွဲကာ လဝန်းအခန်းဆီ ဦးတည်လိုက်လေသည်။ အခန်းထဲရောက်သည်နှင့် တံခါးအား လော့ချလို့ ကုတင်ထက် လဝန်းလေးအား ထိုင်စေလိုက်သည်။သူပါ လဝန်းဘေး ထိုင်ချကာ

သက်ဆုံးတိုင် မခွဲချင်Where stories live. Discover now