ဇာတ်သိမ်းပိုင်း

695 16 2
                                    

အခန်း (၂၄)
💚ဇာတ်သိမ်းပိုင်း💚

"ဦးစိုင်းထွန်းဟန်တို့ ဘယ်လိုဖြစ်ရတာလဲ၊ကျွန်တော်တို့ သိရသလောက် သားကြီးပါ၊ဘယ်နဲ့ သားငယ်လေးလဲ"
"အဲ့လို ဖြစ်သွားတယ် ကိုကျောက်ရေ၊သားငယ်လေးပေါ့ သမီးလေးကိုပြန်မပြိုချင် ဖြစ်နေတာ၊ဒါနဲ့ စေ့စပ်ရင်း မင်္ဂလာလက်မှတ်ထိုးပွဲ တစ်ခါထဲ လုပ်ပေးလိုက်တာ"
"အဟားးး အဲ့ဒါဆို ခင်ဗျားသားငယ်လေးက ခင်ဗျားနဲ့တူသပ"
"အဟားးး ဒါပေါ့ ကျုပ်သားပဲ ကျုပ်နဲ့တူတာ မတန်းပါ"
"ဟားးဟားးး"

သားသျှန်နဲ့ သမီးလဝန်းတို့၏ မင်္ဂလာညစာစားပွဲဟာ မိတ်ဆွေသင်္ဂဟပေါများလှတဲ့ ဦးစိုင်းထွန်းဟန်တို့၏ အပေါင်းအသင်းများစွာ တက်ရောက်ချီးမြှင့်ဂုဏ်ပြုကြသလို သျှန့်အစ်ကိုတွေ အစ်မတွေ သူငယ်ချင်းမိတ်ဆွေတွေနဲ့ သိုက်သိုက်ဝန်းဝန်း ကျင်းပလို့နေပေ၏။
ဦးစိုင်းထွန်းဟန်နှင့်ဒေါ်နန်းခမ်းအောင်တို့ ဇနီးမောင်နှံအပြင် ထွန်းသစ်ဟန်နှင့်ဇနီးလောင်းပါ Wedding Dinner ပွဲမှာ ဧည့်ခံနေပေမဲ့ သတို့သား၊သတို့သမီးနှင့် နန်းသစ္စာအပါအဝင် စိုင်းဟိန်းတို့သူငယ်ချင်းတစ်စု ရောက်မလာသေးပေ။
"မာမီ"
"ဟင် သားကြီး"
"ညီတို့က ဘာလို့နောက်ကျနေတာလဲ"
"လာနေပြီ သားကြီးရယ်၊သားညီ ကဲကဲသဲသဲ သမီးလဝန်းလေးကို မိတ်ကပ်ပြင်ပေးမဲ့သူက အခြောက်ဖြစ်နေလို့ အကိုင်မခံမလို့ ဂျူးလိယက်စ်ခင်မျာ အမျိုးသမီးမိတ်ကပ်ပြင်ဆရာ သွားခေါ်ရသတဲ့"
"ဟားး ဟားးး ညီကတော့ကွာ"

ဒေါ်နန်းခမ်းအောင်တို့ သားအမိတွေ သျှန့်အကြောင်း ပြောဆိုရယ်မောနေချိန်မှာ သျှန်တို့အဖွဲ့တွေ ကားကိုယ်စီဖြင့် ရောက်လာခဲ့ကြလေ၏။
ထွန်းသစ်ဟန်တို့ပိုင်ဆိုင်သော ကျောက်ပြပွဲခန်းမကျယ်ကြီးထဲရှိ လျှောက်လမ်းအတိုင်း သတို့သားနဲ့ သတို့သမီးတို့ တစ်ယောက်လက်ကို တစ်ယောက် ကြင်နာစွာ ဆုပ်ကိုင်လျက် လျှောက်လှမ်းလို့ ဝင်လာခဲ့ကြလေ၏။
ပြောင်လက်တောက်ပသော အဖြူရောင်အနောက်တိုင်းဝတ်စုံပြည့်ဖြင့် သျှန်သည် အဖြူရောင်ဝတ်စုံပေါ် ပုလဲနှင့်စိန်ကို လည်တိုင်ကျော့ကျော့ကစ တစ်ဆင့်ခြင်းစီ အလှပုံဖော်ကာ တွဲလျောင်းချ ရင်ဘတ်နှင့်ကျောပြင်က ဇားပါးလေးကို ဖုံးအုပ်စီခြယ်ထားသော ဂါဝန်လေးဖြင့် လှပနေသော လဝန်းလေး၏ လက်ကိုတွဲကာ ဝင်လာခဲ့ကြလေရာ
"အိုးး လှလိုက်တာ"
"လိုက်ဖက်တဲ့ စုံတွဲလေး"
"သတို့သမီးလေးက ချစ်စရာလေး"
ချီးကျူးသံတွေ သောသောညံသွားလေ၏။

သက်ဆုံးတိုင် မခွဲချင်Where stories live. Discover now