အခန်း (၇)

372 7 0
                                    

အခန်း (၇)

မိုးရိပ်တွေ မပြယ်သေးတဲ့ ကောင်းကင်အောက်ကနေ ဖြတ်ပြေးသွားတဲ့ ကားများစွာထဲမှ ရွှေဘုံ့ရဲ့ ကားတစ်စီးလဲ ပါသည်။ ရွှေဘုံ ဖုန်းများစွာ ခေါ်ထားတာတောင် သျှန်တစ်ယောက် ပြန်လည်ဖုန်းမခေါ်လာပေ။ ဒီနေ့‌နဲ့ဆို ၂ ရက်တောင် ရှိပေပြီ။မနေ့ကလဲ သျှန်၏ Rainbow Computer အရောင်းဆိုင်ကို ရောက်ခဲ့တယ်။

"ကိုသျှန် မလာသေးဘူး ခင်ဗျ"
"အရင်ကကော ဘယ်အချိန်လာလဲ မသိဘူး"
"အရင်ကတော့ ၈ နာရီဆို ရောက်ပြီ"
"ဟုတ်လား"
"ဘာပြောပေးရမလဲ "
"ရွှေဘုံလာသွားတယ်လို့ ပြောပေးပါ၊ဖုန်းလဲ ဆက်ပေးပါလို့နော်"
"ဟုတ်ကဲ့"

အခုလဲ ရွှေဘုံ သျှန့်ဆိုင်ရှေ့က ဖြတ်ကာ ကားမောင်းလာယုံသာမက ဆိုင်ကိုမြင်နေရတဲ့ နေရာကနေ ကားရပ်ကာ စောင့်စားနေမိပေမဲ့ သျှန့်အရိပ်ကိုတောင် မတွေ့။ ရွှေဘုံ ဆေးခန်းထိုင်ဖို့ အချိန်နီးကပ်လာမှ ပြန်လာခဲ့ရ၏။

!!!သျှန်ရယ် ၊ရွှေဘုံ သျှန့်ကို လမ်းခွဲခဲ့တာ မချစ်လို့မဟုတ်ဘူးဆိုတာ သျှန် ယုံကြည်ပေးပါ!!!

စိုင်းဟိန်းတင်လိုက်တဲ့ video file ကိုကြည့်ပြီးကတည်းက ရွှေဘုံတစ်နုတ်နုတ်ဖြင့် ခံစားနေရတာ။အခုဆို ပိုဆိုးနေလေသည်။ ဖုန်းတောင် ပြန်မဆက်တဲ့သျှန်ကြောင့် ရွှေဘုံ ခံစားလို့နေရလေ၏။

!!!သျှန်ရေ ရွှေဘုံ့လက်ကို ပြန်တွဲခွင့်ပြုပါနော်!!!

Shwe & Zwe Clinic ရှေ့ရောက်သည်နှင့် ကားအားရပ်ကာ ရွှေဘုံဆင်းလာခဲ့မိသည်။

"ရွှေဘုံ အိမ်ကထွက်သွားတာ ကြာပြီဆို၊ဘာလို့ အခုမှ ဆေးခန်းရောက်တာလဲ"

ရွှေဘုံအခုလက်ရှိတွဲနေသော ချစ်သူ၊မိဘတွေ သဘောတူကျေနပ်သော ချစ်သူ ဇွဲတံခွန်၏ အမေးကို ရွှေဘုံ ပြုံးရယ်ပြကာ

"ဆယ်တန်းတုန်းက သူငယ်ချင်းနဲ့ခဏတွေ့နေလို့ ဇွဲရဲ့"
"ဪ ဟုတ်လား ရွှေဘုံ၊ဟိုမှာ လူနာတွေ ရောက်နေပြီ သွားတော့"
"အင်း ဇွဲ"
"နေ့လယ်စာ အတူစားမယ် ရွှေဘုံ"

ဇွဲ၏ အပြောကို ရွှေဘုံခေါင်းညိမ့်ပြကာ ရွှေဘုံထိုင်ရာ OPD 3 ခန်းဝင်ကာ သူနာပြုလေးအား လူနာစတင်သွင်းရန် ပြောလိုက်မိသည်။ရွှေဘုံဟာ OG ဆရာဝန်တစ်ယောက်ပင်။ လူနာတွေအား
ကြည့်ရှု့ပေးနေရင်း သျှန့်ဆီက ဆက်လာမဲ့ ဖုန်းအား မျှော်ပေမဲ့ ရောက်မလာခဲ့ပေ။

သက်ဆုံးတိုင် မခွဲချင်Where stories live. Discover now