အခန်း (၂၂)

398 10 2
                                    

အခန်း (၂၂)

တောင်ကုန်းမြင့်မြင့်ပေါ်ဝယ် တည်ဆောက်ထားသော နန်းမူနန်းရာ အငွေ့အသက်များစွာ ရောယှက်နေတဲ့ အိမ်ကြီးစီသို့ အရွယ်ရောက်လာခါမှ ပထမဦးဆုံး ခြေလှမ်းချမိပြန်ပြီ။

ကျောက်တောင်တွေကို ထုထွင်းပုံဖော်ကာ ရှေးမူလဲမပျောက်၊‌ခေတ်ကာလကိုလဲ အမှီလိုက်သဖွယ် တည်ဆောက်ထားတဲ့ အိမ်ကြီး၏ ဒုတိယထပ် ဝရံတာမှာ သူ၏ဒယ်ဒီ ဦးခွန်ဆိုင်းအား အခြွေအရံတွေများစွာဖြင့် လေညင်းခံနေတာ မြင်လိုက်ရလေ၏။

ဇွဲတံခွန် တောင်ခြေကိုပတ်ကာ မြွေလိမ်မြွေကောက် ဖောက်ထားသော လမ်းချိုးများ၊သုံးလမ်းချိုးဝင်ကာ အိမ်ကြီး၏ ကားရပ်ရာနေရာတွင် နေရာယူရပ်လိုက်သည်နှင့်ဒယ်ဒီ့လူယုံကြီး ဦးဘထူးက ကားတံခါးဖွင့်ပေးကာ ကြိုဆိုလေ၏။

"သခင်လေး မတွေ့တာ တော်တော်ကြာပြီကော"
"အဟင်းး ဟုတ်တယ် ဦးလေးဦးဘထူး၊နေကောင်းကျန်းမာစွာ တွေ့ရလို့ ဝမ်းသာပါတယ်"
"ဟုတ်ကဲ့ သခင်လေးဒယ်ဒီ ၊ဒုတိယထပ်မှာ သခင်လေးကို စောင့်နေပါတယ်"
"ဟုတ်ကဲ့ "

ဇွဲတံခွန် ကျောက်သားထုကြီးများအား အလှပုံဖော်ထားရာ လမ်းတစ်လျှောက် တွေ့ရသမျှ အရိုအသေပေးနှုတ်ဆက်သမျှ လူတွေကို ခေါင်းညိမ့်နှုတ်ဆက်နေရတာ ကိုယ့်ကိုကိုယ် အံ့ဩလို့ နေရလေ၏။

အငိုလွယ်တဲ့ ကလေးမလေးကို တွေ့ဆုံကာ ရင်ထဲ ထည့်ပြီးကတည်းက သူ့အတွေးတွေ နူးညံ့နေရသလို လောဘတွေလည်း ချုပ်ငြိမ်းကုန်ရ၏။အရင်ကတော့ သူ့ရဲ့ငယ်ဘဝအဖြစ်အပျက်တွေ ငါးနှိုက်နေရတဲ့ ဘဝ၊မိဘတွေ ပင်လယ်ငါးရှာလိုက်နေတဲ့အခါ ထမင်းသိုးစားခဲ့ရတဲ့ ဘဝတွေကို ပြန်မသွားချင်လို့ စာကိုကြိုးစား ၊သူ့ဘဝခလုပ်ကဆည်း ဖြစ်သူမှန်သမျှ ရှင်းကာ ဆင်းရဲတွင်း ပြန်မဆင်းချင်စိတ်ဖြင့် ရှင်သန်နေတာ နှလုံးသားခုန်ဖို့နေနေသာသာ အချစ်ဆိုတာ ဂျိုနဲ့လားမေးယူရသည့်အထိ မသိရိုးအမှန်၊အခုတော့ဖြင့် မြင်ယုံလေးနဲ့ အကြင်သူကို နှလုံးသားထဲ စွဲမက်အောင်ပင် ဖြစ်နေရ၏။

ဇွဲတံခွန် ခေါင်းကို ခါကာ
"ဒယ်ဒီ"
ဒုတိယထပ်မှာ ဝီစကီပုလင်းကို ထောင်လို့ အခြွေအရံတွေကြားက ဒယ်ဒီ့အား ခေါ်ကာ ဇွဲတံခွန် ဒယ်ဒီ့ရှေ့ ခြေစုံရပ်လို့နေမိသည်။
ဦးခွန်ဆိုင်း သားကိုမော့်ကြည့်လို့
"ထိုင်လေ သား"
"ဟုတ်ကဲ့ ဒယ်ဒီ"

သက်ဆုံးတိုင် မခွဲချင်Where stories live. Discover now