အခန်း (၄)

354 9 2
                                    

အခန်း (၄)

တောင်ကြီးမြို့၏ တောင်ပေါ်ကုန်းမြင့်ပေါ်တွေမှာ တည်ဆောက်ထားတဲ့ အိမ်တွေမှ အများအပြားပင်။ တီချယ်တို့၏ တောင်ပေါ်အိမ်ဆိုတာ မီးပုံးပျံကွင်း အနီးမှ တိုးချဲ့ရပ်ကွက်ပင်။

လဝန်းနဲ့တီချယ်အပြင် သျှန်သတ္တိဆိုတဲ့ လူကြီးပါ ပါလာခဲ့လေ၏။ နေ့လယ်ကတည်းက မီးပုံးပျံကွင်းဈေးကနေ ပတ်၍ လဝန်းအား တောင်ပေါ်အိမ်သို့ ခေါ်ခဲ့လေသည်။

"မမတို့ နေနှင့်နော်၊ဦးထွန်းမော် ရှိတယ်၊သျှန် ခဏ ဆိုင်သွားမလို့"
"အေး မောင်လေးပြန်လာရင် စားဖို့ တစ်ခုခု ဝယ်ခဲ့အုံး"
"ဟုတ် မမ"

လဝန်းတို့ အိမ်ပေါ်တက်လာချိန်
"ညကြရင် အိမ်အပေါ်ထပ် ထပ်ခိုးလေးရှိတယ်၊လဝန်း မောင်လေးနဲ့ တက်ကြည့် "
"တီချယ်ကကော"
"ဟင့်အင်း တီချယ်က အမြင့်ကြောက်တယ်"

"ဟင် တီချယ် အမြင့်ကြောက်တယ် ဟုတ်လား"
"အင်း လဝန်းရဲ့၊ တီချယ် ငယ်ငယ်က အမြင့်ပေါ်က ဖြုတ်ချပြီးကတည်းက အမြင့်တွေ တက်ရင် ဒူးတုန်နေတာ"
"ဖြစ်ရမယ် တီချယ်ရင် ၊အဲ့ဒါများ လဝန်းကို တောင်ပေါ် အိမ် လိုက်ပို့နေသေးတယ်"

"အဟင်းး အဲ့ဒါကတော့ ကားနဲ့ကို လဝန်းရဲ့၊အမြင့်ပေါ်တက်တော့မှ လန့်တာ"

နန်းသစ္စာ ၃ နှစ်သမီးအရွယ်က မူကြိုကျောင်းမှာ တောင်ကုန်းမြင့်မြင့်ပေါ် တက်ဆော့ရင်း သူများတွန်းတာ ခံခဲ့ရဖူးသည်။ ထိုအချိန်ကစ
အမြင့်နေရာမှန်သမျှ ကိုယ်ခြေထောက်နဲ့ တက်ရင် ဒူးတုန်ကာ လန့်နေမိတော့သည်။

"Ring 🎵လုံးဝ မသိတဲ့ အချစ်ဆိုတဲ့ အကြောင်းကို🎼🎶မင်းနဲ့တွေ့တော့မှ အချစ်ဟာ 🎵ဘာဆိုတာနားလည်🎼🎵လှိုင်းလုံးများစွာကို ကျော်ဖြတ်သလို ရင်🎵လှိုက်ဖို🎶
🎶တို့သိလိုက်ပါပြီ အချစ်တွေကို🎼
🎵တကယ်ပါ ချစ်တယ်ချစ်တယ် 🎶တို့မင်းကို🎼အချိန်မှန် လွမ်းတာ လွမ်းတာ လွမ်းတာသိစေလို🎶🎼မင်းအတွက်ဆိုရင်🎶 တို့ဟာ အရာရာစွန့်ရဲတယ်🎵
ရက်စက်ပြီးတော့ 🎶သွားမှာကိုသာ အကြောက်ဆုံးပဲ🎼"

လဝန်းအိတ်ထဲက ဖုန်းမြည်သံကြောင့် တီချယ်နဲ့ထိုင်နေရာမှ ထကာ ဖုန်းအား ယူကြည့်မိသည်။

သက်ဆုံးတိုင် မခွဲချင်Where stories live. Discover now