အခန်း (၁၉)

300 9 2
                                    

အခန်း (၁၉)

pun Hlaing Hospital ၏ အထူးခန်း၌
"ငယ်ဘဝ အကြောင်းအရာတွေနဲ့ အဖြစ်အပျက်တွေအကုန်မှတ်မိပြီး လပိုင်းလောက်လေး မေ့သွားရတာကို အတိတ်လုံးလုံးလျားလျား မေ့တယ်လို့ မဆိုသာပါဘူး၊ပြန်သတိရမှာပါ မစိုးရိမ်ပါနဲ့"
"ဟုတ်ကဲ့ ဒေါက်တာ"
"သျှန်သတ္တိ ကိုယ့်ကို မှတ်မိလား"
"အင်းး ရွှေဘုံနဲ့လက်ထပ်မဲ့ သူ"
"ကလောကနေ တောင်ကြီးမှာ ပြန်လာနေတဲ့ အချိန်တွေ ၊သျှန်သတ္တိရဲ့ အစ်မနဲ့တစ်ပည့်မလေးကို ကျောင်းပို့ပေးတာတွေ စဉ်စားလို့ မပေါ်တော့ဘူးလား"

သျှန် မျက်ဝန်းကိုမှိတ်ကာ စဉ်းစားပြီး အချိန်တော်တော်ကြာလေမှ ခေါင်းကို ဖိကိုင်ကာ
"အင်းးး"
"ဟုတ်ပါပြီ ၊သူလေးကိုကော"

ဇွဲတံခွန် လဝန်း၏လက်အား ဆွဲခေါ်ကာ သူမ၏ပုခုံးထက် သိုင်းဖက်လို့ သူ့ရင်ခွင်အောက် ရောက်အောင် ဆွဲယူဖက်လိုက်ရင်း မေးမိလိုက်သည်။
ဇွဲတံခွန်၏ သိုင်းဖက်လိုက်သော ပုခုံးထက်ကာ လက်ကို မျက်မှောင်ကျုံ့ကာ ကြည့်ရင်း ရင်ဘတ်တစ်နေရာက ဆူးအောင့်ပြီး စဉ်းစားကြည့်ပေမဲ့ တကယ်ကို ပေါ်မလာခဲ့ပေ။
မျက်ဝန်းကို မှိတ်လို့ "ဟင့်အင်းးး" ဆိုကာ ခေါင်းခါလေ၏။
လဝန်း ပါးပြင်ပေါ် အမှတ်တမဲ့ ကျဆင်းလာတဲ့ မျက်ရည်တွေကို သုတ်ကာ ခေါင်းငုံ့ရပ်မြဲအတိုင်း ရပ်နေမိသည်။
ဇွဲတံခွန် လဝန်းအား ဆိုဖာထက်တွင် ထိုင်စေလိုက်ပြီး မမနန်းနှင့် စိုင်းဟိန်းအား အပြင်ခေါ်ထုတ်လို့ သွားရလေသည်။

အခန်းတွင်း သျှန်နှင့်လဝန်းသာ ကျန်ခဲ့ရလေ၏။
မာမီကတော့ အိမ်ပြန်ကာ ထမင်းဟင်း ချက်ပြုတ်ဖို့ ပြန်လည် စီမံသလို ကိုကြီးနှင့်ဒယ်ဒီသည် အလုပ်ကိစ္စအရေးကြီးလို့ ကုမ္ပဏီသို့ သွားရလေသည်။

လဝန်းဖေဖေနဲ့မေမေကတော့ Express နှင့် ပြန်သွားခဲ့တာ ၃ ရက်တောင် ရှိလို့ နေလေပြီ။ အခုဆို ကိုကိုတစ်ယောက် ခေါင်းမှ ပတ်တီးသာ ရှိတော့သည်။ နဖူးပြင်က ဒဏ်ရာနှင့် လက်တစ်ဖက်မှ ပတ်တီးတွေအား ဖြေကာ ဆေးသာလိမ်းပေးရတော့သည်။

ကိုကို ကံကောင်းသည်က လဝန်းနှင့်ပက်သတ်သမျှ အမှတ်တရသာ မေ့လျော့ကုန်တာ၊ခြေတွေလက်တွေ
ကျိုးပဲ့ခြင်း အလျဉ်းမရှိလို့ တော်သေး။

သက်ဆုံးတိုင် မခွဲချင်Where stories live. Discover now