အခန်း (၁၃)

335 9 0
                                    

အခန်း (၁၃)

အေးချမ်းလှတဲ့ တောင်ပေါ်မြို့လေးမှာ ချစ်ရသူနဲ့အတူ မနက်ဆိုကျောင်းသွား နေ့လယ်ဆို လာကြိုနဲ့ စာတမ်းသုတေသန လုပ်ရတာ လဝန်းအတွက် အဆင်ပြေလှပေသည်။ အခုဆို လဝန်း တောင်ကြီးသို့ ရောက်နေတာ တစ်ပတ်ပင် ပြည့်လုနီးပြီ။ ကိုကို့ သူငယ်ချင်းတွေနဲ့ ဝန်ထမ်းတွေကိုလည်း ဂုဏ်ပြုညစား မကျွေးရသေးပေ။

လဝန်းရဲ့ မအားလပ်မှုကြောင့် မကျွေးမွေးနိုင်သေးပေ။ကိုကိုကတော့ လဝန်းအနားနေ‌ကာ လိုအပ်သမျှ ဖြည့်ဆည်း ပေးနိုင်လွန်သူ။အခုဆိုလဝန်းအတွက်ဆိုကာ ကိုကိုတစ်ယောက် hp Laptop တစ်လုံးလက်ဆောင်ပေးထားသေးသည်။
လုပ်ပြီးသမျှ  သုတေသနရလဒ်အပြင် ရလဒ်မှန်သမျှ လက်တွေ့လုပ်ဆောင်ချက် အဆင့်ဆင့်ကို စာတွေစီလို့ ရေးလိုက်ရတာ လက်ကိုညောင်းလို့ပင်။

"လဝန်း ကော်ဖီ"
"ဟုတ် ကိုကို"
ဒီနေ့အင်္ဂါနေ့မှာ အကုန်ပြီးစီးလုဖြစ်သွားတဲ့ စာတမ်းအား ညနေ ၄ နာရီအမှီ တီချယ့်ဆီ မေးစ်ပို့ရမယ်သာ။
ကိုကို့ဆိုင်ရှိ ရုံးခန်းအတွင်း လဝန်းတစ်ယောက် ကြမ်းပြင်ထက်ထိုင်လို့ လဝန်း ဘေးပတ်လည် စာရွက်တွေကော ဘောပင်တွေ၊ခဲတံတွေရော ပြန့်ကျဲလို့ပေါ့၊အခုဆို ၂ နာရီ ခွဲလို့နေလေပြီ။ လဝန်းစာရိုက်ရန် အများသား ကျန်သေး။ဗိုက်ကလဲ ဆန္ဒပြကာ
"ကိုကို့"
"ဟင်"
"လဝန်းဗိုက်ဆာလို့"
"အင်းအင်း ကိုကို စီစဉ်ပေးမယ်"
သျှန် လဝန်းအား ပြန်ဖြေလို့ ရုံးခန်းပြင်ထွက်ကာ အိန္ဒြေထက်အား စီစဉ်ပေးဖို့ ပြောရသေးသည်။
"အမြန်လုပ်နော်"
"ဟုတ် ကိုသျှန်"
"အင့် ၂၀၀၀၀ ၊မှာတာ အကုန်ဝယ်ခဲ့ပေးနော်"
"ဟုတ်ကဲ့ပါ ကိုသျှန်ရယ်"
"အဟားး ဟားး ၊ဟင်းးးး "
အထပ်ထပ်မှာနေသော ကိုသျှန့်ကို ကြည့်ပြီး အိန္ဒြေထက်နားကဝန်းထမ်းတွေ အကုန်ရယ်ကုန်ကြ၏။
သျှန် လည်ပင်းအားအရှက်ပြေ ပွတ်သပ်လို့ ရုံးခန်းအတွင်းပြန်ဝင်လာခဲ့လေသည်။

စာရွက်တွေနဲ့ စာအုပ်တွေကြား အလုပ်ရှုပ်နေတဲ့ သူချစ်သော နှံပီစုပ်အနား သွားထိုင်ကာ
"ကိုကို ရေးပေးရမလား"
"ဟင့်အင်း တီချယ်ဆူလိမ့်မယ်"
ဟိုတစ်နေ့ညက မမနှင့်လဝန်းလေး ဖုန်းပြောရင်း သျှန်ကစာကူရေးပေးကြောင်း ပြောသည့်အခါ
"ဘယ်လို လဝန်း ၊မောင်လေးက စာကူရေးပေးတယ်၊လဝန်း"
"ရှင် တီချယ်"
"တီချယ် မကြိုက်ဆုံးအလုပ်က ကိုယ့်အလုပ်ကို ကိုယ်တိုင်မလုပ်ခြင်းပဲ"
"ဟုတ် တီချယ်"
"တီချယ့်မောင်ကို ခိုင်းလို့ လဝန်းကိုဆူတာ မဟုတ်ဘူးဆိုတာ လဝန်းသိပါတယ်၊ကိုယ်လုပ်ထားတဲ့ စာတမ်းတစ်စောင်ကို ကိုယ်တိုင်ရေးတော့ လဝန်းနှစ်ခါ မမှတ်မိဘူးလား"
"ဟုတ် တီချယ်၊လဝန်း ကိုယ့်ဟာကိုယ် ရေးပါ့မယ်"
"အင်းး တီချယ် ချစ်တာ အဲ့ဒါတွေကြောင့်၊သျှန့်ကို ပြောလိုက်အုံး ၊လဝန်းကို ချစ်တာနဲ့ အကုန်လိုက်လုပ်ပေးမနေနဲ့လို့ ၊တီချယ့် ယောင်းမလေး တီချယ်ဆူတာနဲ့ စိတ်ညစ်သွားပြီ ဒါပဲနော်"
"ရှင်"
လဝန်း တီချယ်၏ ယောင်းမလေး အခေါ်ကြောင့် အစပထမ အံ့ဩရပြီး နောက်မှ ရှက်ပြုံးပြုံးရတဲ့အကြောင်း သျှန့်ကို ပြောပြလေတဲ့ နှံပီစုပ်လေး။
နာရီဝက်အကြာမှာ အိန္ဒြေထက်တစ်ယောက် သျှန်မှာလိုက်သမျှ အကုန်ဝယ်လာခဲ့ပေးလေရဲ့။

သက်ဆုံးတိုင် မခွဲချင်Where stories live. Discover now