Unicode
BRISEMAအိမ်တော်ကြီးကထွက်၍ ပန်းဥယျာဥ်တွေရှိနေခြင်းဖြစ်သည်။ ခိုနားရာမှာ မောင့်ရဲ့သက်လုံကောင်းမှုကိုချီးကျူးမိသည်။ ခိုနားရာနေတဲ့အခန်းကနေ အောက်ကိုဆင်းလျှင်လှေကားထစ်၁၀၀ ကျော်လောက်ဆင်းရသည်။ ရာ့ရဲ့ပူဆာမှုကြောင့် မောင်က ရာ့ကိုပွေ့၍ဥယျာဥ်ထဲကိုပို့ပေးသည်။ဒီနေ့ မောင်ကနှုတ်ခမ်းမွေးရိတ်ထားတော့ ရှင်းလင်းပြီးချောမောနေသည်။
"merci amour.."
(ကျေးဇူးတင်ပါတယ် အချစ်လေး)ရာထိုသို့ပြောလိုက်တော့ မောင်ကခိုနားရာနှုတ်ခမ်းကိုနမ်းရှိုက်လာသည်။ အပြင်မှာမို့ ရာရှက်ရွံ့ကာ မောင့်ရင်ဘတ်ကိုတွန်းသောလည်း မောင်ကလွှတ်မပေးတဲ့အပြင် ပိုတိုး၍နမ်းလာသည်။
"အရာရာ့ကို ဘယ်သူသင်ပေးတာလဲ.."
"Akiiသင်ပေးတာ ဒါနဲ့နေပါဦး မောင်ပြောတော့ je t'aimeက အမြင်ကပ်တာဆို..."
"ကျုပ်ပြောမိလို့လား?"
"မင်းအဲ့လိုပြောတော့ ကိုယ့်မှာဘယ်လောက်ဝမ်းနည်းရလဲဆိုတာသိရဲ့လား.."
"အရာရာ ခင်ဗျားလေသံကိုပြင်စမ်း.. ဘာမင်းလဲ!! မောင်လို့ခေါ်"
"Hed!!"
မဟာမိုးစိတ်တွေရှုပ်နေသည်။ ဒေါသဖြစ်စရာကိစ္စ မနက်ကပေါ်လာတော့ ခေါင်းမကြည်ဖြစ်နေခြင်းပေ။ ဒါကို ခိုနားရာကရစ်နေတော့ စိတ်ညစ်လာသည်။ အရှေ့ကလူရဲ့မျက်ဝန်းတွေမှာ အရည်ကြည်တွေဝေ့လာတော့ မဟာမိုးစိတ်တစ်ထစ်လျှော့လိုက်သည်။
"မင်းကိုယ့်ကိုအော်တယ်.. အရင်တုန်းကရိုင်းစိုင်းတဲ့အကျင့်တွေပျောက်သွားပြီထင်နေတာ... ကိုယ်မှားသွားတယ် ကိုယ်အရမ်းကြောက်ခဲ့တာ Hed... အိပ်မက်ရှည်ကြီးတွေကနိုးထရင် ကိုယ်အမြဲတမ်းပင်ပန်းတယ်.. မင်းဆီကနှစ်သိမ့်မှုတွေလိုချင်ခဲ့ပေမဲ့ မင်းပင်ပန်းနေတဲ့ မျက်နှာကိုမြင်ရင် ကိုယ်ခံစားချက်တွေမြိုသိပ်ခဲ့တာ... "
"မင်းလို့မခေါ်နဲ့လို့.. ခင်ဗျား ကျုပ်ဒေါသကိုမစွနဲ့နော် အရာရာ"
"တော်ပြီ.. မင်းသွားစရာရှိတာသွားတော့"
"ဟား...Akiiမရှိတာ Pensoraနဲ့တွေ့ရင်ဘယ်လိုလုပ်မလဲ"
YOU ARE READING
Three Mind One Body (Ongoing)
Fantasyကျိန်စာသင့်နေတဲ့ အမွှာညီအစ်ကို၃ယောက်ဟာခန္ဓာကိုယ်တစ်ခုထဲကိုမျှဝေသုံးဆွဲနေတယ်ဆိုတာ........... ေအးချမ်းပြီး ပိုက်ဆံသုံးနှမျောတတ်တဲ့လူအလတ်တန်းစား ကောင်လေး'ခိုနားရာ'ကို ဘီလီယံနာသူဌေးလေး ၃ယောက်ဟာ ကြိုက်နှစ်သက်သည်တဲ့။ ဒါပေမယ့် အဲ့၃ယောက်ကခန္ဓာကိုယ်တစ်ခုထဲမှ...