Uni
မျက်နှာသစ်သွားတိုက်ပြီး အဝတ်အစားတွေ ထုတ်ရသည်။ ၈နာရီ ၄၅ဖြစ်နေတော့ နေလုံးကအတော်လေးထွက်နေပြီပေ။ ခိုနားရာကိုခေါ်ဖို့ရောက်လာတာတဲ့ ပြီးရင် အိမ်ပြင်မယ့်သူတွေနဲ့ ခွန်အားမာန်ရောက်လာမည်တဲ့။ အိမ်ပြင်မယ်ဆိုတော့ ဖေဖေနဲ့မေမေကို တိုက်ခန်းတစ်ခန်းမှာ ထားပေးမည်ဆိုပဲ။
"ခင်ဗျား ဒီအင်္ကျီ တွေဝတ်တာလား.."
အသံလာရာကို ကြည့်လိုက်တော့ မျက်ဝန်းနီနဲ့ Hed။
"ဟုတ်တယ်လေ ဘာဖြစ်လို့လဲ"
"ပစ်လိုက်.. ကျုပ်အသစ်ဝယ်ပေးမယ်..."
"မပစ်ပါဘူး.. မရှိရှိတဲ့ပိုက်ဆံနဲ့စုပြီး ဝယ်ထားတာ တချို့ဆိုမဝတ်ရသေးတာတွေရှိတယ်..."
"ခင်ဗျား ကျုပ်စကားကိုနားမထောင်တာလား?"
"Hed ကိုယ်ကမင်းထက်အကြီးနော်.. မင်းအဲ့လိုအော်စရာမလိုဘူးလို့ ကိုယ်ထင်တယ်"
"ခင်ဗျားကြီးလား ကျုပ်ကြီးလား လက်တွေ့ပြမယ် ကြည့်မလား"
"မင်းမရိုင်း.. မင်း.. လွှတ်နော်"
ခိုနားရာကိုအတင်းဆွဲဖက်လာတဲ့လူ။ ခါးကိုပါဟိုပွတ်ဒီပွတ်လုပ်လာကာ မထိတရီနဲ့ ဆက်ဆံလာသည်။ မနေတတ်တော့ပေ။ ဒီအလတ်ကောင်က ကိုယ့်ကိုနိုင်စားလွန်းပါသည်။ မဟာနွေနဲ့ မဟာဆောင်းက ရာ့ကိုကောင်းကောင်းဆက်ဆံပေမဲ့ အလတ်ကောင် မဟာမိုးဟာ ကွဲပြားထွက်ပါသည်။ မိသားစုဝင်တွေကစိတ်ထားကောင်းပြီး သဘောကောင်းသလောက် မဟာမိုးမှာတော့ ကွက်ကွက်ကွင်းကွင်းကို မတူညီပါ။
"မလွှတ်တော့ ဘာဖြစ်ချင်လဲ.. ရွှတ်.."
"ဟာ.. မင်းဘာလို့ကိုယ့်ပါးကိုနမ်းရတာလဲ..."
"ခင်ဗျားပါးကို နမ်းချင်အောင်ခင်ဗျားလုပ်ထားတာလေ.. အဲ့ဒါခင်ဗျားအပြစ်.. ရွှတ်.."
ဟုတ်လည်းဟုတ်ပါသည်။ သနပ်ခါးရည်ကျဲလေးလိမ်းထားတော့ အနံ့လေးမွှေးနေတာဖြစ်သည်။ အဲ့ဒါသူ့အကြိုက်ပေါ့။ ဘယ်ထဲကကိုယ့်ပါးကို ရန်ရှာချင်နေတာလဲမသိ။ တရွှတ်ရွှတ်နဲ့မပြီးနိုင်မစီးနိုင်။ ကိုယ်မှာရုန်းပေမဲ့ အရာမထင်တော့ အပင်အပန်းမခံတော့ပေ။
YOU ARE READING
Three Mind One Body (Ongoing)
Fantasiaကျိန်စာသင့်နေတဲ့ အမွှာညီအစ်ကို၃ယောက်ဟာခန္ဓာကိုယ်တစ်ခုထဲကိုမျှဝေသုံးဆွဲနေတယ်ဆိုတာ........... ေအးချမ်းပြီး ပိုက်ဆံသုံးနှမျောတတ်တဲ့လူအလတ်တန်းစား ကောင်လေး'ခိုနားရာ'ကို ဘီလီယံနာသူဌေးလေး ၃ယောက်ဟာ ကြိုက်နှစ်သက်သည်တဲ့။ ဒါပေမယ့် အဲ့၃ယောက်ကခန္ဓာကိုယ်တစ်ခုထဲမှ...