Part-19

264 16 1
                                    

Unicode

နောက်ဆုံးတော့ ပြင်သစ်သို့ခရီးဆန့်လာခဲ့သည်။ ကိုယ်ပိုင်လေယာဥ်နဲ့သွားခြင်းဖြစ်ကာ အဖေကတော့နေခဲ့ပြီး ခွန်အားမာန်ကလိုက်လာသည်ပေ။ Akiiကတော့ နောက်မှလိုက်ခဲ့မည်ဟုဆိုလေသည်။ မောင်ကတော့ Mac bookကိုကြည့်နေသည်။ ရာ မောင့်ဘေးနားထိုင်လိုက်ကာ......

"မောင်.. ရာ့ကိုအချိန်ပေးလို့ရလား.."

ရာထိုသို့ပြောတော့ မျက်ဝန်းနက်နဲ့Sedက Mac bookကိုပိတ်၍ ရာ့ကိုကြည့်လာလျှင်။

"ရတယ်လေ.."

"ဟိုမှာရှိမယ့် မောင့်ရဲ့အမျိုးတွေ အကြောင်းနည်းနည်းပါးပါးပြောထားပါလား.. ပြီးတော့ ဟို... အစွမ်းတွေအကြောင်းရော.."

"မောင့်အမျိုးတွေက အများကြီးပဲ ရာရာရဲ့ သူတို့နဲ့တွေ့ပြီးမှတ်တာက ပိုကောင်းလိမ့်မယ်.. အမ်း.... အရေးကြီးတဲ့သူမှတ်မယ်ဆို မောင့်အမေရဲ့ ညီမ မောင့်တီလေးHunaရှိမယ် လွန်ခဲ့တဲ့လက ရာရာ့ကိုမြင်ဖူးသေးတယ်..."

"ဟုတ်လား.. ရာလည်းမသိပါလား.."

"အင်း အဲ့တုန်းက ချက်ချင်းပြန်သွားတာကို သူ့အစွမ်းက အနာဒဏ်ရာကင်းစေတယ် ပြောရမလား အဲ့လိုအစွမ်းမျိုး။"

"နောက်ပြီး မောင့်ဘဘ Porxana.. သူကအာဏာအရှိဆုံး စွမ်းအားကြီးတယ် Akiiတို့ကို ဘဘကပဲသင်ပေးတာ..."

"သြော်..."

"ပြီးတော့ မောင့်အစ်ကိုဝမ်းကွဲ ဘဘရဲ့သားကြီး နာမည်က Faixado သူ့အစွမ်းကစိတ်ကူးထဲကအတိုင်း လက်တွေ့လုပ်နိုင်တာ အဲ့လိုမျိုးအစွမ်း.. မောင်သေချာနားလည်အောင်မရှင်းတတ်ဘူး။"

Sedရှင်းပြတာလေးကိုနားထောင်ပြီး ရာပျော်မိပါသည်။ အခုဆိုမောင်နဲ့ နှလုံးသားချင်းနီးလာပြီလို့ခံစားရပြီပေ။ ပြီးတော့ မောင့်သွေးသားလေးလည်း ရာ့ဆီမှာရှိနေပြီလေ။

"နောကျရှိသေးလားဟငျ.. မောင်"

"အင်း.. မမလည်းရှိတယ် Faixadoရဲ့ညီမ Yujxado.. သူ့အစွမ်းက အရမ်းလှတာပဲ သူ့ကို beauty goddess လို့ခေါ်ကြတယ်.."

"အဲ့လောက်တောင်လှတာလား?"

"အင်း.. ပြီးတော့ မောင့်ဖွားဖွားAliporse သူကအစွမ်းမရှိဘူး ကြင်ယာတော်အနေနဲ့ရှိနေတာမို့.."

Three Mind One Body (Ongoing) Where stories live. Discover now