Part - 1 (U&Z)

4.6K 135 13
                                    

Uni

တီ..... တီး......

"အရေးကြီးပါတယ်ဆိုမှ ကားလမ်းကပိတ်နေရတယ်လို့..."

"ကားလမ်းက ဒီနေ့မှာဘာလို့အကြာကြီးပိတ်နေရတာလဲ"

"ဘယ်သေနာတွေက ကားလမ်းပိတ်အောင်လုပ်တာလဲကွ"

ကားဟွန်းတီးသံတွေ၊လူတွေရဲ့အချေအတင်အသံတွေ နှင့်ဆူညံပွက်လောရိုက်နေသည်။ အချို့လူတွေက သည်းခံတတ်ပေမဲ့အချို့လူတွေက ဆဲရေးတုတ်နေကြသည်။ ဒါက မြို့ပြရဲ့မြင်ကွင်းတစ်ခုပေ။ဘယ်လိုမှမရိုးနိုင်တဲ့ ပြဿနာတစ်ခုပေ။

တစ်ခုသော ကားတစ်စီးမှာတော့ 'ဦးမော်ကွန်းမဟာ' တစ်ယောက် အပြင်လောကကိုဂရုစိုက်ရမှာထက် ကားနောက်ခန်းက သားတော်မောင်ကို နောက်ကြည့်မှန်ကနေ ကြည့်နေမိသည်။ ဘယ်အချိန်ပြောင်းလဲသွားမလဲမသိ။  မျက်လုံးကိုကြည့်တော့ မဟူရာလိုနက်မှောင်နေတဲ့ မျက်ဆံနက်တွေ။ ဟူး..... သားငယ်ပဲ ကိစ္စမရှိပါဘူး။

"အခြေအနေ လေးမော်"

ဘေးက ကားမောင်းနေသူ တူလေး 'ခွန်အားမာန်'ကပြောလာသည်။ ဦးမော်ကွန်းမဟာ ခေါင်းညိမ့်ပြလိုက်ကာ....

"မဟာဆောင်း"

ခေါင်းညိမ့်အသိအမှတ်ပြုပြီး အရှေ့ကိုအာရုံစိုက်သွားတဲ့ ခွန်အားမာန်။

"အဖေ.. Sed ဟိုဖြူဖြူဖွေးဖွေးကောင်လေးကို လိုချင်တယ်.."

သားငယ်လက်ညိုးထိုးပြရာကို ကြည့်လိုက်တော့ တီရှပ်အဖြူလေးနှင့် ပုဆိုးအနက်အကွက်ကျဲကိုဝတ်ဆင်ထားတဲ့ ကောင်လေးတစ်ယောက်။ အဖွားကြီးတစ်ယောက်ကို ကူညီပြီးလမ်းကူးပေးနေသည်။ သားငယ်ကစတတ်နောက်တတ်တာမို့ဒီအတိုင်း လျစ်လျူရှုလိုက်သည်။ စိတ်မချစွာကားနောက်ကြည့်မှန်ကနေကြည့်တော့ အကြောဆွဲနေတဲ့သား။ ဖြစ်နေကျအရာပဲမို့ မျက်လုံးကိုသာစေ့စေ့ကြည့်လိုက်သည်။ ခေါင်းငုံ့ရာမှ ခေါင်းပြန်ထောင်လာချိန်တွေ သားရဲလို နီစွေးနေတဲ့အနီရောင် မျက်ဝန်းပိုင်ရှင် သားလတ်။ တစ်နည်းအားဖြင့် မဟာမိုး(ခေါ်) Hed။

"ကျုပ်လဲလိုချင်တယ်"

"ဟေ.."

သားငယ်ရော သားလတ်ရောက အဲ့ကောင်လေးကိုလိုချင်တာ။ ထိုအချိန်အကြောပြန်ဆွဲသွားတဲ့သားကြောင့် မကြည့်တော့ပဲနေလိုက်သည်။

Three Mind One Body (Ongoing) Where stories live. Discover now