Part - 4 (U&Z)

1.5K 76 0
                                    

Uni

အိစက်နူးညံ့တဲ့ ခေါင်းအုံးပေါ်တွင် ဝင်းမွတ်နေတဲ့မျက်နှာထက်မှာ မျက်ဝန်းလှလှလေးတွေ ဖြည်းဖြည်းချင်းဖွင့်လာခဲ့သည်။ ပထမဆုံးတွေ့ရတာက အပေါ်မျက်နှာကျက်က စိန်ဖြင့်ပြုလုပ်ထားသော မီးဆိုင်းတစ်ခု။ ထို့ပြင် မျက်နှာကျက်နံရံမှာ နို့စိမ်းရောင်သစ်ခွပန်း ပုံစံဆေးခြယ်ထားသည်။ အတော်လေးကိုအနုစိတ်လုပ်ထားသည်။ အချိန်အတိုအတွင်း ဒီလိုလက်ရာကောင်းတဲ့ပုံစံကို ရောက်ရှိနိုင်ပါ့မလားလေ။ ဘယ်လိုပဲဖြစ်ဖြစ်ပါ ချမ်းသာတဲ့သူအတွက်ကဘာမဆိုဖြစ်နိုင်တာပဲလေ။ ဒီလိုကျတော့ လစာ၃သိန်း ၄သိန်းရဖို့ရုန်းကန်နေတဲ့သူတွေအတွက် မက်လောက်စရာဖြစ်ဖို့သေချာပါသည်။

အတွေးတွေကိုရပ်လိုက်ကာ အပျင်းကြောဆန့်၍ ထထိုင်လိုက်သည်။ ညတုန်းကပင်ပန်းလို့ ရေချိုးသန့်စင်ပြီး အိပ်ရာထဲပစ်ဝင်လိုက်တာ တစ်ချိုးတည်းအိပ်ပျော်သွားသည်။ ထို့ကြောင့် အခန်းပတ်ပတ်လည်ကို သေချာမကြည့်မိလိုက်ပေ။ အိပ်ရာဘေးမှာ အံဆွဲအကန့်လေးတွေရှိတဲ့အပေါ်မှာ ပန်းအလှအိုးလေးတွေရှိသည်။ ဝရံတာဘက်ကြည့်လိုက်တော့ ဂမုန်းပင်လေးတွေ ရှားစောင်းပင်နှင့် နို့စိမ်းရောင်သစ်ခွပန်းရှိသည့်အပြင် ကော်ဘူးအသေးလေးတွေနှင့် အပင်သေးသေးလေးတွေရှိသေးသည်။သေချာကြည့်မိတော့ ရေအစအနလေးတွေတွေ့ရတော့ မကြာသေးခင်ကရေလောင်းထားသည်ထင်သည်။

မျက်နှာသစ်ကိုယ်လက်သန့်စင်ဖို့ ရေချိုးခန်းထဲဝင်တော့ ရေဇလားထဲမှာ အမွေးဆီတွေနှင့် နှင်းဆီပွင့်ချပ်တွေပါတွေ့ရသည်။ ရေချိုးဘောင်ပေါ်မှာ ကြာဖြူ ၊ကြာပန်း၊ ကြာခရမ်းနှင့် ရှားပါးတဲ့ကြာနီတောင်ရှိသည်။ တကယ်ပါ ရာ့ဘဝမှာဒီလိုစည်းစိမ်ဥစ္စာတွေနဲ့ရှင်သန်ရပ်တည်ရမယ်လို့တွေးမထင်တာ အမှန်ပါပေ။ ရေချိုးသန့်စင်ပြီးသွားတော့ အသင့်ထားထားတဲ့ bathrobeလေးဝတ်ဆင်လိုက်သည်။ အဝတ်ဗီရိုကိုဖွင့်ကြည့်လိုက်တော့ suitအင်္ကျီ တွေကသပ်သပ်၊ ပေါ့ပေါ့ပါးပါးအင်္ကျီ တွေကသပ်သပ်၊ style pants ဘောင်းဘီ၊ ဂျင်း၊ဘောင်းဘီတို၊ညဝတ် Pajamas၊ Boxerတွေအဆုံးသပ်သပ်ရပ်ရပ်တွေ့ရသည်။ နာရီအမျိုးအစားစုံကိုတွေ့ရပြီး မျက်မှန်အမျိုးအစားအစုံလဲတွေ့ရသည်။

Three Mind One Body (Ongoing) Where stories live. Discover now