Part-22 (U&Z)

294 21 2
                                    

Unicode

ခိုနားရာ ပြင်သစ်ရောက်နေတာ ၄လရှိသွားပြီ။ ပထမစစချင်းရောက်တုန်းက မောင်နဲ့အတူပဲရစ်မြို့ကြီးကို လျှောက်လည် ြကသေးသည်။ ပျော်ခဲ့ရတဲ့အချိန်တွေရှိပေမဲ့ အိပ်မက်ထဲမှာတွေ့ခဲ့တဲ့ရာ့ရဲ့ကလေးတွေအကြောင်းကိုစဥ်းစားမိရင် ရာစိတ်မကောင်းလှ။ တစ်ခုခုလေးပင်နေသလိုခံစားနေရသည်။ မောင်ကသူတို့လက်အောက်ကစွမ်းအားရှိတဲ့ လူသားတွေကိုကြီးကြပ်ပေးနေရတော့ ခိုနားရာအနားသိပ်မရှိပေ။

Pensoraဆိုတဲ့ကောင်လေးကလည်း ခိုနားရာကိုအရိပ်တကြည့်ကြည့်ရှိလှသည်။ သို့သော် ရာစိတ်ပူစရာမလို။ အဘယ်ကြောင့်ဆို Pensoraနားမှာ ခွန်အားမာန်ရှိနေတာကြောင့် ပြီးတော့ Akiiလည်းနံဘေးမှာ အမြဲတမ်းရှိနေပေးတာကြောင့် ရာ့ကလေးတွေအတွက် စိတ်ပူစရာမလိုပေ။ ခိုနားရာရဲ့ဖွံ့ဖြိုးလာသောဗိုက်ကြောင့် သိပ်မသက်သာလှ။ သုံးမွှာပူးလေးမို့ သာမန်လေးလဗိုက်ထက်အနည်းငယ်ဖွံ့ထွားသည်။ ဆံပင်မညှပ်တာကြာလှပြီမို့ ရာ့ဆံပင်တွေလည်း ရှည်နေပြီပေ။

သက်တောင့်သက်သာရှိလှသော ဆိုဖာကြီးပေါ်မှာထိုင်ပြီး သိုးမွေးထိုးနေမိသည်။ မကြာခင်ဆောင်းဝင်တော့မည့်အပြင် ကလေးတွေမွေးမယ့်အချိန်ကဆောင်းတွင်းမို့ ကလေးတွေအတွက် သိုးမွေးလက်အိတ်တွေ အင်္ကျီလေးတွေပြင်မိသည်။ Akiiကဘေးနားမှာမတ်တပ်ရပ်ကာ အသင့်စောင့်နေလေသည်။ အချိန်တွေကြာတော့ အိမ်တော်ကြီးထဲကလူများကိုလည်း ခိုနားရာမျက်မှန်းတန်းနိုင်ပါပြီ။

"Akii ဒီမှာထိုင် ပြောစရာရှိလို့"

ခိုနားရာ ထိုသို့ဆိုလေတော့ Akiiကဝင်ထိုင်လေသည်။ ဒီအိမ်တော်ကိုရောက်တဲ့နေ့ကစပြီး အိပ်မက်ထဲကလေးတွေကိုမြင်တွေ့နေရသည်။ ထုံးစံအတိုင်းပဲ ကလေးတွေကရာ့လက်ထဲကထွက်ပြေးနေမှာပေ။ ဒါပေမယ့် ဒီနေ့အိပ်မက်ကအနည်းငယ်ထူးဆန်းလှသည်။

"Akii.. ငါအိပ်မက်ထပ်မက်တယ် ဒီတစ်ခါကသားငယ်လေးကချောက်အနက်ကြီးထဲ လမ်းလျှောက်သွားတာ။ ကျန်တဲ့နှစ်ယောက်ကချောက်ကြီးမို့ ဆက်မသွားပေမဲ့ သူကဆက်လျှောက်သွားတာ... ငါ သူ့ကိုတားဖို့သွားပေမဲ့မမှီခဲ့ဘူး အဲ့ဒါဘာဖြစ်တယ်ထင်လဲ..."

Three Mind One Body (Ongoing) Where stories live. Discover now