Part - 12 (U&Z)

1.2K 55 4
                                    

Uni


ဦးမော်ကွန်းမဟာရောက်ရှိနေတဲ့နေရာကတော့ အထက်တန်းလွှာမိသားစုရဲ့ ပွဲတစ်ခုတွင်ရောက်ရှိနေခြင်းဖြစ်သည်။ ဘေးမှာတော့ ဦးမော်ကွန်းမဟာရဲ့ ယုံကြည်ရာဆုံးလူယုံတော် ဦးမင်းသီဟရှိနေသည်။ ဦးမော်ကွန်းမဟာက ဝိုင်ခွက်ကိုလှည့်၍ အရသာကို အသေးစိတ်ခံစား၍ သောက်သည်။ ဝိုင်ရဲ့ရှိန်းမြတဲ့အရသာနဲ့ လည်ချောင်းတစ်လျှောက် အခါးဓာတ်ဆင်းသက်သွားတဲ့ ခံစားချက်ကဘယ်လိုအရာနဲ့မျှနှိုင်းယှဥ်လို့မရပေ။

အများကြီးတော့မသောက်ဖြစ်။ ကျန်းမာရေးအတွက်ဆေးဖြစ်ဝါးဖြစ်သာသောက်သည်။ ကျန်းမာရေးလိုက်စားတဲ့အမျိုးသားတစ်ယောက်ဖြစ်တဲ့အတွက် ဦးမော်ကွန်းမဟာသည် နုပျိုချောမောနေဆဲပင်။ သတင်းတစ်ခုတောင်ထွက်ခဲ့ဖူးသည်တယ်လေ။

"အထက်တန်းလွှာက တစ်ခုလတ်အမျိုးသမီးတွေ အပျိုကြီးတွေက ဦးမော်ကွန်းမဟာကိုတပ်မက်ကြသည်" တဲ့လေ။ ထို့အပြင် အိမ်ထောင်ရှင်အမျိုးသမီးတွေတောင် သဘောကျနှစ်သက်ကြသည်ဆိုပဲ။

"မဟာတောင်ရောက်နေပြီပဲ"

ရင်းနှီးတဲ့မိတ်ဆွေတစ်ယောက်က နှုတ်ဆက်လာတော့ ဦးမော်ကွန်းမဟာ ခေါင်းညိမ့်လိုက်ကာ အသိအမှတ်ပြု၍

"ဟုတ်ပါတယ်"

"ခင်ဗျားကတော့ အသက်အရွယ်ရလာတာတောင် နုပျိုနေဆဲပါလားဗျာ... နည်းလေးရှိရင်ပေးပါဦး.."

နောက်တော့ အသိမိတ်ဆွေတွေများလာကာ စကားလက်ဆုံကျကြလေသည်။

"ကိုမော်ကွန်းမဟာမှာ သားတစ်ယောက်ရှိတယ်မလား ပြီးခဲ့တဲ့လကပဲ လက်ထပ်သွားပြီလို့ကြားတယ်ရှင့်.."

"အို.. မဟာနွေလေးတောင်အိမ်ထောင်ကျသွားပြီပဲ.."

"ဟုတ်ပါ့ဗျ.. သားမဟာနွေက ကျွန်တော်ငယ်ငယ်ကထက်ပိုသွက်တယ်ဗျ.."

ဟား...ဟား...ဟား

ရယ်မောနေချိန်မှာ ဦးမော်ကွန်းမဟာရှေ့ကိုရောက်ရှိလာသော အပြာရောင်နီလာကျောက်ကွတ်ထားတဲ့ငွေလက်စွပ်ဝတ်ထားသည့် လက်တစ်ဖက်။ လက်ပိုင်ရှင်ကိုကြည့်လိုက်တော့ လူငယ်တစ်ယောက်ဖြစ်ပြီး အပြာရောင်ဆံနွယ်တွေကို မျက်နှာရှင်းအောင် စုစည်းထားသည်။ ထိုကောင်လေးကမဲ့ပြုံးပြုံးလိုက်ကာ.....

Three Mind One Body (Ongoing) Where stories live. Discover now