Part-24 (U&Z)

161 16 1
                                    

Unicode

ရာ ခေါင်းတွေအုံခဲကိုက်လာကာ နူးညံ့သောအိပ်ရာပေါ်မှာ နိုးထလာသည်။ ပတ်ဝန်းကျင်ကိုကြည့်တော့ ရာတို့အိပ်ခန်းထဲကိုပြန်ရောက်နေသည်။ မောင်ကိုရှာတော့ ကြောခိုငျးပွီး စာအုပ်စင်ရှေ့မှာ စာအုပ်ဖတ်နေသော မောင့်ကိုတွေ့ရသည်။ အခုချိန်မှာ မောင်ရဲ့ဆံပင်ရှည်တွေက နေရာယူနေကာ ဆံပင်ကိုစုစည်းထားသည်။

"မောင်.."

"အရာရာ နိုးပြီလား"

မောင်ကရာ့အရှေ့လျှောက်လှမ်းလာကာ ရာနဖူးကိုစမ်းလေသည်။

"ကိုယ်ပူကျသွားပြီ.."

မောင့်ပုံစံကတစ်မျိုးဖြစ်နေသည်။ မောင့်ရဲ့ညာဘက်နားမှာ ပတ္တမြားနီရောင် နားကပ်တွဲလောင်းလေးကိုဝတ်ဆင်ထားသည်။ Akiiဝတ်ထားတဲ့ အဆောင်နားကပ်နဲ့သိပ်မတူ ပုံစံကွဲသည်။ မောင်ဒီလိုဝတ်စားထားတွေက အကြောင်းတစ်ခုခုရှိမယ်...။

"မောင် ဘာလို့ဒီလိုဝတ်ထားတာလဲ?"

"ဒီနေ့ဂုဏ်ပြုပွဲရှိတယ်လေ.. ကျုပ်တို့ရဲ့မမွေးရသေးတဲ့ကလေးတွေက အရမ်းအစွမ်းထက်တာမို့.."

မောငျ့ရဲ့အပွုံးတှကေ အသက်ဝင်သည်။ မောင်မျက်နှာပျော်ရွှင်နေသလိုပေ။ မောင်က ရာ့ပါးနှစ်ဖက်ကိုရွှတ်ခနဲမည်အောင် နမ်းသည်။
နောက်တော့ စိုစွတ်သောတစ်ရှူးအပါးလေးနဲ့ရာမျက်နှာကို သန့်စင်ပေးသည်။

"မျက်နှာက ကြောင်ချေးရုပ်ဖြစ်နေတာ မောင်ကိုစိတ်ဆင်းရဲအောင်လုပ်ချင်နေတာလား အရာရာ.. မင်းမျက်နှာကမလန်းတော့ မောင်ဘယ်လိုလုပ်ရမလဲ"

ရာအနောက်ကိုသွားကာ ရာ့ရဲ့အနည်းငယ်ရှည်နေပြီးဖြစ်သော ဆံပင်ကိုသေချာဖြီးသင်၍ စည်းနှောင်ပေးပြန်သည်။

"ဟိုကောင်မလေးရော..."

"နည်းနည်းထိခိုက်သွားတယ် "

"အာ့.. မောင့် မထိနဲ့"

မောင်က ရာ့အနောက်ကနေ ဖက်လိုက်တာမို့ ရာအော်မိသည်။ အကြောင်းမှာ ရာ့ရင်သားထိပ်တွေနာနေခြင်းပေ။ ကိုယ်ဝန်ဆောင်ရင် ဒီလိုဖြစ်တတ်သည်ဟု ရာ့ဖုန်းထဲမှာတွေ့ဖူးပါသည်။

You've reached the end of published parts.

⏰ Last updated: 5 days ago ⏰

Add this story to your Library to get notified about new parts!

Three Mind One Body (Ongoing) Where stories live. Discover now