Uni
ပတ်ဝန်းကျင်တစ်ခုလုံးဟာ မှောင်မိုက်လို့နေသည်။ ထိုရပ်ဝန်းအတွင်းမှာမျက်လုံးနီစွေးစွေးတွေဟာ ဖြည်းဖြည်းချင်း ဖွင့်လာသည်။ ထထိုင်လိုက်ကာ ဘေးကယခုထိတိုင်မေ့မျောနေဆဲဖြစ်သော ချစ်ရသူရဲ့နဖူးကို အနမ်းတစ်ပွင့်ခြွေလိုက်သည်။
အားဆေးသွင်းထားတာမို့ မကြာခင်မှာ အရာရာနိုးတော့မှာပါ။ မတ်တပ်ရပ်၍ ပြတင်းလိုက်ကာကိုအနည်းငယ်ဖွင့်လိုက်သည်။ မီးဆိုင်းမီးကို မှိန်ကျင်ကျင်အနေအထား ထွန်းထားလိုက်သည်။ ဆံပင်ရှည်တွေက ပျောက်ကွယ်နေပြီဖြစ်ကာ ဝတ်ရုံရှည်ကလည်း မရှိတော့ဘဲ ညဝတ်အင်္ကျီကနေရာယူလေသည်။
ချိန်သီးနာရီကိုကြည့်တော့ ၉နာရီသို့ညွှန်ပြလေသည်။ အိပ်ရာပေါ်က အရာရာရဲ့နဖူးပြင်ကို ဒုတိယအကြိမ် ထပ်မံနမ်းရှိုက်၍........
"မောင် အောက်ကိုဆင်းလိုက်ဦးမယ်.. ခဏပဲ"
ထုံးစံအတိုင်း အရာရာ့ထံမြ တုံ့ပြန်သံမကြားရပေ။ အောက်ထပ်ကိုဆင်းတော့ အဖေနဲ့ခွန်အားက ဆိုဖာတွင်ထိုင်နေသည်။ ဘေးနားမှာ အန်တီHunaကပါရှိနေသည်။ အန်တီHunaသည် အမေ့ရဲ့ညီမဖြစ်သည်။ မဟာမိုးခေါ်ထားလို့ ရောက်နေခြင်းပေ။
"သားလတ်.. အောင်မြင်ခဲ့လား?"
"အ ဖေ့သားက ဘယ်သူမို့လို့လဲ.."
မဟာမိုးပြန်ဖြေလေတော့ အဖေကပြုံးလေသည်။ အန်ျတီHunaက မဟာမိုးကိုဖက်လာတာမို့ မဟာမိုးလည်းတန်ပြန်ဖက်ထားလိုက်သည်။
"Hed ကောင်လေးအခြေအနေကော"
မဟာမိုးသက်ပြင်းချလိုက်ကာ......
"အခုလောလောဆယ်တော့ မေ့နေတယ် ပြီးတော့ သူတော်တော်လေးကြောက်သွားတယ်ထင်တယ်.."
"ဘာကိုကြောက်တာလဲ အစ်ကိုHed"
ခွန်အားက ထိုသို့ပြောတော့ အန်တီနဲ့အဖေကပါ သူ့ကိုကြည့်လာသည်။ Hedအာခေါင်ခြောက်လာသလိုခံစားလာရသည်။ ကိုယ့်မှာ ညီဖွားသုံးကောင်ရှိတာ သူတို့မသိကြလေရော။ ဒီကိစ္စကိုဖုံးကွယ်ထားတာဆို ပိုမှန်သည်။ စကားလမ်းကြောင်းသာလွှဲရတော့သည်။
"အန်ျတီHuna အစွမ်းနဲ့ သူ့ကိုသက်သာအောင်လုပ်ပေးပါ.."
"အေးအေး.."
YOU ARE READING
Three Mind One Body (Ongoing)
Fantasíaကျိန်စာသင့်နေတဲ့ အမွှာညီအစ်ကို၃ယောက်ဟာခန္ဓာကိုယ်တစ်ခုထဲကိုမျှဝေသုံးဆွဲနေတယ်ဆိုတာ........... ေအးချမ်းပြီး ပိုက်ဆံသုံးနှမျောတတ်တဲ့လူအလတ်တန်းစား ကောင်လေး'ခိုနားရာ'ကို ဘီလီယံနာသူဌေးလေး ၃ယောက်ဟာ ကြိုက်နှစ်သက်သည်တဲ့။ ဒါပေမယ့် အဲ့၃ယောက်ကခန္ဓာကိုယ်တစ်ခုထဲမှ...