Part-20 (U&Z)

290 13 1
                                    


Unicode

"သတိထားနေပေတော့ ကြင်ယာတော် ငါကမင်းယောင်္ကျားရဲ့အမေတူအဖေကွဲအစ်ကိုPensoraဆိုတဲ့သူပဲ "

ထိုအချိန်မှာ မြှားတစ်စင်းကPensoraကို နောက်ကျောကိုစိုက်ဝင်မလိုရှိစဥ်တွင် Pensoraကလက်ချောင်းဖြင့်ဝေ့ယမ်း၍ရေခဲစေပြီး မြေပြင်ပေါ်ဆောင့်ချစေကာ ကွဲကြေသွားတော့သည်။ ဒေါသရိပ်ယောင်ပါသော ရေခဲရိုက်မျက်ဝန်းတွေကFaixadoကိုစူးစိုက်ကြည့်လာသည်။

"Oops! ဆောရီး မင်းသိတယ်မလား? ငါကစိတ်ကူးထဲကအတိုင်းအပြင်မှာတကယ်ဖြစ်တတ်တော့လေ မနေ့ကကြည့်တဲ့fantasyဇာတ်လမ်းက မြှားပစ်တဲ့အခန်းတွေးမိသွားလို့..."

အဖြူရောင်လူသားသည် ပန်းဥယျာဥ်ကြားထဲလျှောက်လှမ်းသွားတော့သည်။ ခွန်အားမာန်ကPensoraရဲ့နောက်ကိုလိုက်သွားခဲ့လေသည်။

"စိတ်မပူပါနဲ့ ကြင်ယာတော် အစ်ကိုတို့ကမင်းကိုကာကွယ်မှာပါ"

"ဟုတ်ကဲ့"

Yujxadoကသက်ပြင်းမောကိုချကာ......

"ဟင်း... Pensoraကအခုနောက်ပိုင်းစွမ်းအားကြီးလာတယ် pére(အဖေ)ပြီးရင် သူကအာဏာအရှိဆုံးဆိုတော့ တို့လည်းမလွန်ဆန်နိုင်ဘူး နောက်ကျရင်သူပဲအုပ်ချုပ်တော့မလား မပြောတတ်တော့ဘူး Heddad... မင်းကိုBRISEMAရဲ့အုပ်ချုပ်သူအဖြစ်ရှိစေချင်တယ် ဖွားဖွားကမင်းကိုယုံကြည်တယ်..."

"ကျုပ်အစွမ်းကအသုံးမဝင်ပါဘူး မမ၊ ပြီးတော့ ကျုပ်မှာမိသားစုရှိလာတော့မှာ သူတို့ကိုပဲအချိန်ပေးချင်တယ် အစ်ကိုနဲ့မမတို့ပဲကြည့်စီစဥ်လိုက်ပါ ကျုပ်အုပ်ချုပ်သူနေရာတွေစိတ်မဝင်စားဘူး... လာ အရာရာ ဖွားဖွားကိုသွားတွေ့ကြမယ်..."

"နေပါဦး.. မင်းအဲ့လိုပြောမယ်ဆိုတာငါတို့သိတယ် ဒီကိစ္စကိုဖွားဖွားကမင်းနဲ့ထပ်ဆွေးနွေးလိမ့်မယ်... ဒါဆိုပုံစံပြောင်းရမယ် ဖွားဖွားရှေ့ကိုဒီလိုဝင်သွားလို့မဖြစ်ဘူး.. နေစမ်းပါဦး... ငါမင်းရဲ့ဆံပင်ရှည်ပုံစံကိုမေ့နေသလိုပဲ...Heddad"

"ပေါက်ကရတော့မလုပ်နဲ့နော်..."

"အင်းပါကွာ အင်းဟင်း.... ကြင်ယာတော်ကလာဗင်ဒါပန်းသရဖူဆောင်းထားတော့ အရောင်တူသွားအောင်ခရမ်းရောင်ဝတ်ရုံပြောင်းလိုက်မယ်.."

Three Mind One Body (Ongoing) Where stories live. Discover now