Part-17 (U&Z)

415 23 1
                                    


Unicode

မဟာစံအိမ် ရှေ့ကားရပ်သည်နှင့် ခိုနားရာအလျင်အမြန်ဆင်း၍ ပြေးဝင်မိသည်။ မောင့်ကိုဘယ်လိုတောင်မေ့ရပ်တာလဲ။ အိမ်ထဲဝင်တော့ တိတ်ဆိတ်ငြိမ်သက်နေသည်။ အိမ်မှာဘယ်သူမှမရှိကြဘူးလား?။

ထိုအချိန်မှာ သာယာငြိမ့်ညောင်းသော ဂီတသံစဥ်ကိုကြားလိုက်ရသည်။ အသံက အပေါ်ထပ်ကမို့ တက်ကြည့်လိုက်သည်။ အသံက Akiiပြောဖူးတဲ့ ဂီတတူရိယာအခန်းထဲကပင်။ မောင်လား?

တံခါးဖွင့်လိုက်တော့ ထင်ထားသည့်အတိုင်း ပီယာနိုတီးနေသော မောင်ပေ။ သံစဥ်နားထောင်ကြည့်တော့ Elvis Presley ရဲ့ "Can't have falling in love" သီချင်းပေ။ မျက်လုံးကိုသေချာကြည့်တော့ အနီရောင်ကနေရာယူနေသည်။Hedက ရာ့အတွက် ပီယာနိုတီးပေးတာလား? Hedက ကောင်းကောင်းတီးတတ်တာပဲ။ ခိုနားရာ.. အသံကိုပါနားထောင်ချင်ပေမဲ့လည်း......။

Hedက ရာ့ကိုတစ်ချက်ကြည့်၍ပြုံးကာ......

Wise men say....

Only fools rush in...

But I can't have falling in love with you...

ဟင် Hedကသီချင်းဆိုတတ်သေးတာလား? Hedက ရာ့အတွက်သီချင်းဆိုပေးတယ်ပေါ့။

Shall l stay...

Would it be a sin...

If I can't have falling in love with you...

Like a river flows surely to the sea...

Darling, so it goes...

something are meant to be...

Take my hand...

Take my whole life too...

For I can't have falling in love with you...

.....For I can't have falling in love with you.....

ဖြောင်း.... ဖြောင်း....

သီချင်းသံလည်း ပြီးဆုံးသွားသလို ပီယာနိုသံလည်းရပ်တန့်သွားခဲ့သည်။ ခိုနားရာကတော့ လက်ခုပ်တီးကာ လက်မထောင်၍.....

"မောင်ကတော်လိုက်တာ..."

"မောင့်ဆီလာပါဦး အရာရာ..."

မောင်ကခေါ်တော့ ရာလည်းမောင့်နားလျှောက်သွားလိုက်သည်။ Hedက ဒီနေ့ထူးဆန်းနေသလိုပဲ။ ပုံမှန်ဆို မျက်ဝန်းနီတွေက စူးရဲနေပြီး မျက်ခုံးတွန့်ချိုးထားတတ်တဲ့သူက ကြည်လင်နေသလို။ မောင်က ရာ့လက်ကိုဆွဲကာ ပီယာနိုပေါ်ထိုင်ခိုင်းမလိုဖြစ်နေသည်။

Three Mind One Body (Ongoing) Where stories live. Discover now