Unicode
Geneviaနဲ့ ခိုနားရာသည် စပျစ်ပင်တန်းတွေရှိသော နေရာထံပြေးသွားတော့သည်။ ခိုနားရာသည် ပြင်သစ်စကားမပြောတတ်တာကြောင့် Geneviaနဲ့အဘယ်သို့ဆက်သွယ်ပြောဆိုရမလဲ မသိလှ။
"what are you going? "
"မြန်မာလိုပဲ ပြောပါ အစ်မကမင်းကိုဂိုက်လုပ်ပေးမယ် အစ်မအစွမ်းက ဘာသာစကားတွေကိုနားလည်နိုင်တဲ့အစွမ်းပဲ ကြင်ယာတော်ကိုဒီမှာရှိတဲ့လူတွေနဲ့မိတ်ဆက်ပေးမယ်လေ အခုသွားမှာက Heddadအမေရဲ့ညီမ အန်တီHunaဆီသွားမှာ...."
"ကောင်းပါပြီ ဟို ကျွန်တော်ဒီအဝတ်တွေကိုလဲလို့ရလား မလွတ်လပ်လို့.."
"BRISEMAမျိုးနွယ်ရဲ့ရိုးရာဝတ်စုံကိုမဝတ်ချင်တဲ့သူနောက်တစ်ယောက်ပေါ်လာတာပဲ..Heddadလည်းမကြိုက်ဘူး အစ်မတို့ဘိုးဘေးAlbertလည်း ဒီဝတ်ရုံရှည်တွေကိုမုန်းတယ်လို့ပြောဖူးတယ်တဲ့"
အချိန်နည်းနည်းကြာတော့ စားပွဲတစ်ခုကြီးနဲ့ထိုင်ခုံပေါ်မှာထိုင်၍ ခရမ်းရောင်ဆေးတွေလုပ်နေသော အန်တီတစ်ယောက်ကိုတွေ့ရလေသည်။ ဒါမောင့်ရဲ့အန်တီလား?။ မြင်းပေါ်ကဆင်း၍ အန်တီကိုအရိုအသေပေးလိုက်သည်။
"ကြင်ယာတော်ပဲ Heddadရောက်နေတာသိတယ် မိုးပေါ်မှာMaxပျံသန်းကတည်းကသိနေတယ်။ Maxကပုံမှန်ဆို သာမန်ပျံသန်းတာ ဒီလိုအရှိန်နှုန်း၊အမြန်နှုန်းနဲ့ ပျံသန်းရင်သေချာပေါက်Heddadပဲ ကိုမော်ကွန်းမဟာရောပါလား?"
"အဖေကကျန်ခဲ့ပါတယ်"
"ကောင်းတယ်.."
"ဘာလို့လဲ?"
Geneviaသည်နားမလည်စွာမေးမိသည်။ အန်တီHunaကအဓိပ်ပါယျမဲ့သောအပွုံးကိုပွုံးလသေညျ။
"စဥ်းစားကြည့်လေ ကိုမော့်လိုလူကကိုယ့်သားခင်ပွန်းကလေးမွေးမယ့်ကိစ္စကို သူမပါဘဲဒီကိုလက်လွတ်စပယ်လွှတ်မယ်ထင်လား? ပြီးတော့သူက သူနဲ့သွေးမတော်တဲ့Pensoraကိုချစ်သေးတာ သေချာပါတယ် သူကျန်ခဲ့ရလောက်အောင် တစ်ခုခုရှိနေပြီထင်တယ်"
"မောင်လည်းအဲ့လိုပြောတယ် အန်တီ"
"သြော်.. ငါ့ခဲအိုနှယ် အသက်ကြီးမှ အချစ်ကိုတွေ့သွားပြီထင်ပါ့"
YOU ARE READING
Three Mind One Body (Ongoing)
Fantasyကျိန်စာသင့်နေတဲ့ အမွှာညီအစ်ကို၃ယောက်ဟာခန္ဓာကိုယ်တစ်ခုထဲကိုမျှဝေသုံးဆွဲနေတယ်ဆိုတာ........... ေအးချမ်းပြီး ပိုက်ဆံသုံးနှမျောတတ်တဲ့လူအလတ်တန်းစား ကောင်လေး'ခိုနားရာ'ကို ဘီလီယံနာသူဌေးလေး ၃ယောက်ဟာ ကြိုက်နှစ်သက်သည်တဲ့။ ဒါပေမယ့် အဲ့၃ယောက်ကခန္ဓာကိုယ်တစ်ခုထဲမှ...