Part-16 (U&Z)

459 27 2
                                    


Unicode.

မောင်... ဘယ်တွေလျှောက်သွားနေမှန်းမသိဘူး။ ပြန်မလာတာ၅ရက်ရှိပြီ။ဒီနေ့မနက်ရောက်မလားဆိုတော့ ဒီနေ့မနက်လည်းမရောက်သေးဘူး။

ခိုနားရာ အဖြူရောင်တွေပဲရှိတဲ့ အိပ်ခန်းလေးမှာ ဟိုလျှောက်သည်လျှောက်နဲ့အတွေးနယ်ချဲ့နေလေသည်။ ညတုန်းကဟိုကောင်လေး ကိုယ့်အခန်းထဲဝင်လာသေးသည်။ ခိုနားရာလည်း သူ့ကိုမောင်းထုတ်ပေမဲ့ "ကိုယ့်ယောကျာ်းကို နှင်ထုတ်နေတာပဲ ရာရာက.." ဆို၍ ရှိုက်ကြီးတငင်ငိုကြွေးလာတာကြောင့် ပြာသွားရလေသည်။

*(ဘယ်သူလဲ သိကြလား? )*

သူ့ကိုအိပ်ရာမှာ သိပ်လိုက်ပြီး ဆိုဖာမှာသွားအိပ်ပေမဲ့ ကိုယ့်ကိုချီ၍ "ခင်ဗျားကို ဘယ်သူကအဲ့မှာအိပ်ခိုင်းသလဲ"ဆိုပြီး ကိုယ့်ခန္ဓာကိုယ်ကို တင်းတင်းကျပ်ကျပ်ဖက်၍အိပ်လေသည်။ ရုန်းမည်ဆိုပါလျှင်။

"ကျုပ်ကပန်းသေနေတာ မဟုတ်ဘူး.. ခင်ဗျားငြိမ်ငြိမ်မနေရင် စိတ်ပေါက်ပေါက်နဲ့ တက်*ုးလို့ရတယ်နော် သဘောပေါက် " တဲ့လေ။

အခုလည်း ရေချိုးခန်းထဲမှာအဲ့ကောင်လေးရှိနေသည်။ သူနဲ့အတူတူအိပ်ခဲ့တာကို မောင်သာသိရင်... မဖြစ်ပါဘူး။ အဲ့ကောင်လေးကိုသတိပေးထားမှ။

"ခိုနားရာ!!"

ရေချိုးခန်းထဲကနေ ဆောင့်အောင့်ပြီးအော်လိုက်တဲ့အသံမို့ ခိုနားရာလန့်သွားရလေသည်။

"ခိုနားရာ!! ကျုပ်ခေါ်နေတာမကြားဘူးလား"

"ကြားတယ် ဘာဖြစ်လို့လဲ.."

ရေချိုးခန်းထဲကနေမထွက်ဘဲ လှမ်းအော်နေတဲ့သူကိုအဖြေပေးရလေသည်။

"ရေသုတ်ဖို့ အဝတ်တစ်ခုယူပေး"

ရာလည်း ဘာရယ်မဟုတ်ရေသုတ်ဖို့တစ်ခုခုရှာ၍ ပေးရန်ရေချိုးခန်းတံခါးခေါက်လိုက်လေသည်။ ရေချိုးခန်းတံခါးကအနည်းငယ်ဖွင့်သွားကာ လက်ထွက်လာတာမို့ လက်ထဲပေးမည်ကြံစဥ် အေးစက်၍စိုစွတ်နေသော လက်ရဲ့ဆုပ်ကိုင်မှုနှင့်အတူ ခိုနားရာသည် တစ်ပါတည်း ရေချိုးခန်းထဲရောက်လျက်သားဖြစ်သွားတော့သည်။
လျှပ်တပြက်မို့လို့ ကိုယ်လည်းကြောင်သွားပေမဲ့ မသိစိတ်က မျက်လုံးတွေကိုချိတ်ပိတ်ထားလိုက်လေပြီ။ ဒီကောင်လေး အတော်ဇိုးဇိုးဇက်ဇက်နိုင်လွန်းသည်။

Three Mind One Body (Ongoing) Where stories live. Discover now