"နေ့ မင်းငါ့အိမ်ရောက်ရင် မေကြီးတို့ကို အခုကိစ္စမပြောရဘူးနော် "
"အမ် "
နေ့ ဘာကြောင့်မှန်းမသိ ထိုသာလိကာလေးရဲ့ စကားဆို အလိုလို နားထောင်မိသားဖြစ်ကာ နေသားကျနေသည်။
"ဟိုရှေ့နားလေးက အိမ်ဘဲ ရပ်ရပ် ရပြီး "
"ဟယ် ဖေကြီး ဒီမှာ ရှင့်သား ပြန်လာပြီး စိတ်ပူလိုက်ရတာ တုတ်တုတ်ရယ် ဘယ်လိုဖြစ်ပြီး ခုချိန်မှ ပြန်ရောက်လာတာလည်း "
နေ့ကြားလိုက်ရတဲ့ နမည်ပြောင်လေးကြောင့်ရီချင်သွားရသည်။ ဘယ်မိဘကများသူတို့ သားသမီးကို အ့လိုနမည်ပြောင်မျိုးပေးမှာလည်း။
မေကြီးက ပြောပြီး စိုးရိမ်တကြီး အလွမ်းဆီ ပြေးဆင်းလာကာ ဖက်လိုက်တာကြောင့် အလွမ်း တင်းထားတဲ့ စိတ်တွေက ယိုင်ကျလာရသည်။
"မေကြီး ဖေကြီး အင့် သားကို ဟိုအမူးသမားတွေ နှောင့်ယှက်ကြလို့ အင့် အီးဟီးဟီး "
ဘာလည်းဟ သူဘဲမပြောနဲ့ဆိုပြီး အခုတော့ သူဘဲဆီးကြိုကာ ပြောလိုက်တဲ့ သာလိကာလေးကို ကြည့်ကာ နေ့ နှုတ်ခမ်းက နေ့ မသိလိုက်ပါဘဲ အနည်းငယ်ကွေးညွတ့်သွားသည်။
သာလိကာလေးရဲ့ မေကြီးက သူ့သာလိကာလေးကို ခေါင်းစခြေအစုံးကြည့်ကာ ဒဏ်ရာရမရ စစ်ဆေးနေသည်။ပါးစပ်ကလည်း မေးနေသေးသည်။
"တုတ်တုတ် သား ဘာဖြစ်သွားသေးလည် "
"မေကြီးသိလာ နေ့နေ့လေ သားကို ဟိုအမူးသမားတွေ လက်ထဲက ကယ်လာတာ နေ့နေ့က အမူးသမားတွေကို သုံးလေးချက်ဘဲ ထိုးလိုက်ရတာ ဟိုအမူးသမားတွေ ပြေးသွားတာ တန်းနေရော ဟီး "
ဟော ခနက ငိုနေတာ သူမဟုတ်တဲ့အတိုင်း အခုတော့ သူ့ မေကြီးကို ရီပြကာ ရှင်းပြနေပုံက ချစ်စရာလေး
ပြောပြောဆိုဆိုနဲ့ အိမ်ထဲ ဝင်သွားသော သားအမိကို။ ကြည့်ကာ နေ့ ကြည်နူးမိတာ အမှန်။ အခုတော့ နေ့ကိုပါ မေ့သွားကြသည်။
ထိုအချိန်
"သား အိမ်ထဲ ဝင်အုံးလေ သူတို့သားမိကိုစိတ်ထဲ မထားနဲ့ လာလာ "
"ဟုတ်"
ဟမ် ဘယ်တောကများ နေ့ က အခုလို ဟုတ် တွေ ဘာတွေ ပြောဖူးလို့လည်။ သေချာတာ တစ်ခုကတော့ အခုလို ပြောတာက ဒီမိသားစုလေး အပေါ်မှာသာ ဖြစ်သည်။