အပိုင်း (၂၂) (ဇာတ်သိမ်းပိုင်း)

31 0 0
                                    

လေဆိပ်မှတော့ ကောက ဝီးချဲနဲ့မို့လို့ အနည်းငယ်စစ်ဆေးမှုခံယူရသည်။ သူဒဏ်ရာနဲ့သူဆို လမ်းလျှောက်နိုင်ပေမဲ့ ကိုယ်လက်ချက်ကြောင့် ဝီးချဲနဲ့ဖြစ်ခဲ့ရသည်။

"မင်းကိုသိပ်မကျေနပ်ဘူးနော် အန်းဟုန်းဟွား"

"ဟုတ်ကဲ့ပါ တောင်းပန်ပါတယ် ကိုယ်တောင်းပန်ပါတယ် ကောရယ်"

"မင်းကြောင့် ဟွန့်!"

ဟွန့်ခနဲ့ပဲ ဘယ်လောက်တည်ငြိမ်ရင့်ကျက်ပါတယ်ပြောပြော စိတ်ဆိုးရင် ဝမ်းနည်းရင် ကလေးလေးတစ်ယောက်လိုပါပဲ။ လေယာဉ်ပေါ်တက်တော့ First classပဲရွေးပေးထားသည်။ ကောတစ်ယောက် အရင်ကနဲ့မတူပဲ ​တည်ငြိမ်ချင်ဟန်ဆောင်နေသည်။

"ဒါနဲ့ မင်းဘာလို့ ဒီလိုလုပ်ပေးတာလဲ ပိုင်ယွီပြန်တွေ့ဖို့လုပ်ပေးတာလဲ ရုတ်ရပ်ကြီး ဂိုဏ်းကထွက်ပြီး ငါနဲ့အိုးတအိမ်ထောင်ချင်တယ်ဆိုတာ ဘာစကားကြီးလဲ"

"ကော..ကိုယ်ပြောပြမယ် ကိုယ်တို့ကလူတစ်ယောက်ကိုချစ်မိရင် ထိုလူပျော်ဖို့ကအရေးကြီးတယ် သူဖြစ်ချင်ဆန္ဒာ သူဖြစ်ချင်သမျှကိုလိုက်လျောပြီးတော့ ချစ်ရသူကို မျက်နှာမညိုးအောင်ထားရတယ် ချစ်ရသူပျော်ရင် သေဆိုသေပါသေကြတာလေ ဆုံးရှုံးရမှာအရမ်းကြောက်လို့ အတ္တကြီးမိတာပဲ နောက်တစ်ခုက ချစ်မိသွားရင် ချစ်တဲ့လူက ဒီလိုပိတ်လှောင်ထားရင် ဘယ်သူကပျော်မှာလဲ အဲ့တော့ ကိုယ်ဒီလိုလုပ်နေရင် ကောလည်းပျော်မှာမဟုတ်ဘူးလေ လူတိုင်းလွယ်လွယ်ချစ်လို့ရတယ် ဒါပေမဲ့တန်ဖိုးထားဖို့မေ့နေကြတယ် ကိုယ်က ကောကိုချစ်တယ်ဆိုတာထပ် ပိုတယ်"

"အင်း..."

"ကိုယ်လည်းကောအတွက်ဆို အသက်ပါပေးဖို့အသင့်ပဲ ကောမကျေနပ်ရင် ကိုယ့်ကိုသတ်လိုက်လို့ရသည် ပျော်ပျော်ကြီးသေပေးအုန်းမှာ"

ချွန်းရှန့်တိတ်ဆိတ်သွားသည်။ မကြာခင်မှာပဲ တရုတ်ပြည်မကြီးဆီကို ကိုယ်တို့ရောက်ရှိပြီ။ လေဆိပ်မှာ ကြိုဆိုနေမဲ့လူမရှိပေ။ ကားဌားပြိီး ပိုင်ယွီရှိဆီသို့ လာခဲ့ကြသည်။

"ဟို..မင်းဘယ်လိုလုပ်သိတာလဲ ပိုင်ယွီအိမ်ကို"

"ဒီလိုပါပဲ စုံစမ်းထားတာ"

A man with a white lotus tattoo Where stories live. Discover now