သေရင်တောင်မွေးရပ်မြေကိုပို့ပေးပါဆိုလို့ တရုတ်ကိုပြန်ကာ ချစ်ရတဲ့သူငယ်ချင်းကို အေးချမ်းရာအရပ်ကိုပို့ပြီးနောက် ရင်ထဲမှာကြေကွဲနေမိသည်။ မျက်လုံးတွေစပ်တဲ့ငိုထားသည်။ လက်ထဲမှာ အလွန်းရှားပါးတဲ့ပန်းလေးတစ်ပွင့်ကိုကိုင်ထားသည်။ ယဲ့ရှန်းက ရှားပါးတွေကြိုက်တယ် လူကြိုက်များတာတွေ တူနေတာမကြိုက်တတ်ဘူး။ အုပ်ဂူလေးရှေ့ရောက်တော့
"လျန် ယဲ့ ရှန်း" နာမည်နဲ့အတူ 25/6/ 1996 - 3 / 12/ 2020 ဆိုတဲ့ Dateလေး။"မင်းအေးအေးချမ်းချမ်းအနားယူပါ"
ရှားပါးတဲ့ပန်းလေးကို အုပ်ဂူပေါ်ချပေးကာ နေရမှာထွက်လာခဲ့သည်။ သချိုင်းထဲထွက်ထွက်ချင်းပဲ လူတစ်ယောက်နဲ့ဘေးချင်းကပ်ဖြတ်လျှောက်မိသည်။ ထိုလူမှာ လန်ပိုင်ယွီ...။ ပိုင်ယွီနေရာကနေရပ်ကာ သူအနားကဖြတ်သွားလူကိုလှည့်ကြည့်မိသည်။
"သူဆီကနေ ချွန်းရှန့်ရဲ့ကိုယ်နံ့ရတယ်"
"နင်စိတ်ထင်တာနေမှာပါ.."
"ဟုတ်မှာပါ.."
ဟုန်းဟွားကတော့ သတိမပြုမိပေ။ သူသိတာက ဂျပန်မှာရှိနေတဲ့ သူ့ကောဆီကိုချက်ချင်းပြန်ရမည်ကိုပင်။
နာရီအနည်းငယ်ကြာပြီးနောက်...
"ကော..ကိုယ်ပြန်ရောက်ပြီ"
သူကိုစောင့်နေမယ်ထင်နေပေမဲ့ အခန်းထဲမှာမရှိနေပေ။ ကော, ကော, အော်ခေါ်ပေမဲ့ ထူးသံမကြား။ သို့ပေမဲ့ မီးဖိုချောင်ထဲဝင်သွားတော့....။
"ကော..ဓားကိုချလိုက်"
"မင်းငါ့ကိုပြန်လွှတ်ပေး"
"ကော ဒဏ်ရာရထားတယ်လေ အဲ့ဓားကိုချလိုက်နော်"
"ငါမင်းကိုပြောနေတယ် ငါကိုပြန်လွှတ်ပေးလို့!"
"ကျစ်..."
သက်ပြင်းချမိလိုက်သည်။ ကောနားသွားကာ ဓားကိုဆွဲယူပြီး ကောအား စားပွဲပေါ်ကို မှောက်လိုက်သည်။
"ကော..ကိုယ် ကြည်မနေဘူးနော် ကိုယ် ကောပေါ် ကောင်းပေးနေတာကိုမြင်လား! ခင်ဗျားကဘာလို့ ကျုပ်ဘက်ကိုမကြည့်ပေးတာလဲ! ကျုပ်ခင်ဗျားကို ချစ်တာ နားလည်လား တွေ့ကတည်းက ချစ်တာလို့!!"
