⟢ : Part (1) !?★.ᐟ

6.4K 50 0
                                    

"နောက်မှတွေ့မယ်..ညစာသေချာစားအုံးနော်.."

"အင်း..အင်း...ဂရုစိုက်ပြန်..."

"ဒီနေ့အတွက်လည်း အများကြီးအကူညီရလို့...ကျေးဇူးတင်ပါတယ်...နေ"

"အဲဒါဆို ကျွန်တော့်ကို လစာပိုတိုးပေးလိုက်လေ...အလုပ်ပိုကြိုးစားလို့ရသွားတာပေါ့"
နေအတ္တကျော်ဆိုသော ထိုလှပလွန်း‌ေသာယောက်ကျားလေးက ကားအနီလေး၏ ပြတင်းပေါက်ဘောင်ကို လက်ဖြင့်ထောက်ရင်း ကားထဲမှ မန်နေဂျာအားရန်တွေ့နေလေသည်။

"အေးပါကွာ...ငါအထက်ကိုပြောထားပါ့မယ်..."

"ကျေးဇူး...."
ဟန်ပါပါလှည့်ထွက်လာရင်း မန်နေဂျာဖြစ်သူအား လက်ပြလိုက်ကာ အတ္တကျော်တစ်ယောက် 'မြရိပ်ဝါ' ဟု ခြံရှေ့တွင် တပ်ထားသော ခြံဝင်းထဲသို့ဝင်လာသည်။ ခြံဝင်းထဲတွင် လုံးချင်းတိုက်‌ေဟာင်းတစ်လုံးရှိကာ အရင်က ကျောင်းသားများအဆောင်ဖြစ်သော်လည်း ယခုတွင်မူ အဆောင်နေကျောင်းသားများထပ်မထားတော့သည်မှာကြာပီဖြစ်သည်။ ‌အဆောင်‌နေသူအဖြစ် အတ္တကျော်တစ်ယောက်သာရှိ၍ အ‌ဆောင်ပိုင်ရှင် ဒေါ်မြကြည်သာ နှင့်အတူနေသည်။ ဒေါ်မြကြည်သာ က အသက် ၆၀ ကျော်အရွယ်ရှိ အငြိမ်းစာယူထားသော ကျောင်းဆရာမတစ်ယောက်ဖြစ်၍ ခင်ပွန်းသည်ဆုံးသွားပီးတကည်းက တစ်ယောက်တည်း ထိုနေရာတွင်နေထိုင်ကာ ယခုတွင်မူ အတ္တကျော် နှင့် အဖော်ရနေသည်ဟုပြောရမည်ဖြစ်သည်။

အတ္တကျော် ဖိနပ်ချွတ်လိုက်ရင်း အိမ်ထဲဝင်လိူက်သောအခါ ဟင်းအနံ့က ထောင်းကနဲပင်။
မီးဖိုခန်းထဲသို့ တန်းဝင်လာလိုက်ကာ ဟင်းချက်နေသော ဒေါ်မြကြည်သာအား တွေ့ရသည်။

"ညစာ မစားခဲ့တာနဲ့ အ‌ေတာ်ပဲ....."
အတ္တကျော် အသံပြုလိုက်ရာ ဒေါ်မြကြည်သာက လှည့်ကြည့်ရင်း

"ထမင်းခူးလိုက် နေနေ..ဟင်းရတော့မယ်..."
ဟင်းရသော အခါ နှစ်ယောက်သား ထမင်းအတူစားကြသည်။ ဒေါ်မြကြည်သာက အရင်စားပီးနှင့်ကာ ပနိးကန်ထဆေးမည်အပြုတွင်

"ဒေါ်ဒေါ် ထားထားခဲ့...ကျွန်တော်ဆေးလိုက်မယ်"
အတ္တကျော်က ပလုပ်ပလောင်းဖြင့် ထမင်းစားတုန်းဖြစ်သည်။ ဗိုက်လည်းအတော်ဆာနေကာ ဟင်းကလည်းအကြိုက်မို့ စိတ်ကြိုက်လွေးနေတော့သည်။

Unexpected SparksWhere stories live. Discover now