"Discount ကရသေးတယ်...မလား"
"မရတော့ဘူး...အကို... Discount ကုန်နေပီ"
"မင်းတို့ပြောတော့...နေ့လည်၁၂ နာရီအထိဆို..."
"၁၂ နာရီကထိုးနေပီလေ...အကို"
"၄ မိနစ်ကျန်သေးတယ်လေ...."
အတ္တကျော်တစ်ယောက် ဆိုင်ရှိနာရီကိုညွှန်ပြနေသလို မိမိဖုန်းကိုထုတ်ပြ၍လည်း ၁၂ နာရီထိုးဖို့ ၄ မိနစ်လိုသေးကြောင်း ဆိုင်က ဝန်ထမ်းကိုသက်ေသပြနေသည်။ မိုးမြင့်သာ ကတော့ နံဘေးတွင်ရပ်နေကာ အခြေနေအားအစအဆုံးမြင်နေရပီး အတ္တကျော်ကြောင့် နေရထိုင်ရပင်ခက်သည်။ ပစ္စည်းဝယ်သည့် ကာယကံရှင်ဖြစ်သော မိမိကိုယ်တိုင်က Discount မရလည်းနေစေတော့ ဟု ပြောသော်လည်း အတ္တကျော်က လက်မခံပဲ Discount မရ ရအောင်ယူသင့်သည်ဆိုကာ ယခုကဲ့သို့ နာရီပြ၍ ဝန်ထမ်းနဲ့ငြင်းနေခြင်းဖြစ်သည်။
မိမိမှာ မနက်ဖြန်ကျောင်းတက်ရမည်ဖြစ်သောကြောင့် Laptop အသစ်ဝယ်ရန်နှင့် ဖုန်းအသစ်လဲရန် အတ္တကျော်အား အကူညီတောင်းပီးနောက် ယခု ဆိုင်သို့ရောက်ရှိလာခြင်းဖြစ်သည်။ ဆိုင်မှာ Electronic ပစ္စည်းများအပြည့်ရှိကာ အခြား Accessories များလည်း စုံလင်လှသည်။ တစ်နိုင်ငံလုံး လက်လီလက်ကားဖြန့်နေသော ဆိုင်ဖြစ်ကြောင်း အတ္တကျော်ပြောသောကြောင့်သိသည်။ မိုးမြင့်သာတစ်ယောက် အတ္တကျော်နံဘေးရပ်ကာ အတော်ပင်ရှက်နေမိသည်။ အတ္တကျော်က Discount သည် အချိန်အတိအကျမှကုန်မည်ဖြစ်ကြောင်း အဲနာရီအတိအကျမရောက်မခြင်း ကုန်သည်ဟုမဆိုလိုကြောင်း အသည်းအသန်ငြင်းနေသည်။
ဝန်ထမ်းကောင်လေးကလည်း စိတ်ကိုအတော်ဆွဲဆန့်ထားပုံရကာ အတ္တကျော်အား ထထိုးချင်သည့်ရုပ်မျိူးပင်ပေါက်နေသည်။
"ကိုအတ္တကျော်....တော်ပီလေ..မရလည်းနေတော့...ကျွန်မဘာမှမဖြစ်ဘူး"
"ဘာကိုတုန်း...မင်း သိန်း ၂၀ ဖိုးတောင်ဝယ်ထားတာ... Discount ရကိုရသင့်တယ်...အခုတောင်ပြောနေရင်း ၁ မိနစ်ဆင်းသွားပီ.."
"မရလည်း...ရပါတယ်ဆို...ရှက်စရာကြီး..."
အားလုံးက သူတို့ကိုအာရုံစိုက်နေသောကြောင့် မိုးမြင့်သာ နေရထိုင်ရခက်လှသည်။
![](https://img.wattpad.com/cover/380252159-288-k4390.jpg)
YOU ARE READING
Unexpected Sparks : The Love (Book-1)
Romanceအများက Gay ဟုသတ်မှတ်ထားသော လှလှပပနေတတ်သည့် ခပ်ထက်ထက် ခပ်စွာစွာ Architect အကိုကြီး နှင့် ယောက်ကျားလေးဆန်ဆန် ကောင်မလေးတို့ကြား တစ်မိုးေအာက်တည်း အတူနေရာမှ သံယောဇဉ်ဖြစ်လာပီး မမျှော်လင့်ထားတဲ့ မီးပွားလေးတစ်ခုပေါ်ပေါက်လာတယ်။ # Naughty Scene တွေပါမှာမို့...