ကျွန်မ နာမည်က ပိုးပန်းချီချို။ ကျွန်မက စက်မှုတက္ကသိုလ် ရဲ့ The Whole Queen။ ကျွန်မရဲ့ အလှ ကျွန်မရဲ့ အသံ ကျွန်မရဲ့အရာရာတိုင်းက လူတွေကိုဆွဲဆောင်နိုင်တယ်ရှင့်။ လူချစ်လူခင်များသလို ဆရာ ဆရာမတွေကလည်း ကျွန်မကို အလေးပေးဆက်ဆံကြတယ်။ ကျွန်မရဲ့ မိဘတွေကရော..ဒါပေါ့။ သူတို့ရဲ့ ရွှေလင်ဗန်းပေါ် အချင်းဆေးမွေးခဲ့တဲ့ ကျွန်မကို တုန်နေအောင်ချစ်တာပေါ့ ။ အဲဒါကြောင့်တော်ရုံ တန်ရုံသူဆို မျက်စိထဲတောင် ထည့်မကြည့်ပူး။ ကျွန်မလိုအနေထားနဲ့ ကျွန်မဘက်က ပြုစုယုယချစ်ပေးရမယ်ဆိုတာ စဉ်းတောင်မစဉ်းစားမိပါဘူး။ လူချစ်လူခင်များတယ်ဆိုတဲ့နေရာမှာ ချွင်းချက်လေးတစ်ခုတော့ရှိတာပေါ့။ အဲဒါကတော့ ကျွန်မကို ကြည့်မရတဲ့ကောင်မတွေ ကျွန်မဆီက အမြတ်ထုတ်ချင်တဲ့ ေကာင်မေတွ။ အချင်းေရာ အဆင်းေရာ ပြည့်စုံတဲ့ကျွန်မကို သူတို့လိုအဆင့်နဲ့ လိုက်နှိုင်းပီး မနာလိုတွေ ဖြစ်တာ ဖြစ်တာဆိုတာ။ သနားဖို့တောင်ကောင်းတယ်။ ပီးတော့ လူတွေကကြောက်ဖို့ကောင်းတယ် သိလား။ ရိုးသားဖြူစင်ပီး ကြင်နာတတ်တဲ့ကျွန်မကို ချဉ်းကပ်ကြတယ်။ ကျွန်မရဲ့ ပေါ်ပြူလာဖြစ်မှုကိုအသုံးချပီး သူတို့ရဲ့အချစ်ရေးအခွင့်လမ်းကိုအသုံးချကျတယ်။ ရယ်စရာတွေပါရှင်။ သူတို့က ဆွဲဆောင်မှုမရှိလို့ သူတို့ကိုမကြိုက်ကြတာလေ။ ဆွဲဆောင်မှုရှိတဲ့ ကျွန်မကိုအသုံးချပီး သူတို့ကြိုက်တဲ့ကောင်တွေကိုချဉ်းကပ်ကြတာ။ ရည်းစားတွေလည်း ဖြစ်သွားရော အရမ်းလှတဲ့ ကျွန်မကို မနာလိုဆက်ဖြစ်ကြတယ်။ ဘာတဲ့ သူတို့ရည်းစားတွေနဲ့ခပ်ဝေးဝေးနေပါတဲ့။ အမလေး ကျွန်မဖြင့် သူတို့ အဲစကားပြောတုန်းက အူတက်လို့သေတော့မှာ။ ငါ့ရုပ်ငါ့ပုံစံနဲ့ နင်တို့ငမ်းငမ်းတက်ဖြစ်နေတဲ့ အကောင်တွေ ဆယ်ကောင်လောက်ကို တပြိုင်တည်း တွဲလိုက်လို့ရတယ်ဆိုပီး ဖြဲချင်ခဲ့သေးတာ အများနှင့်တစ်ယောက်ဆိုတော့လည်း ကျွန်မဘက်က သဘောထားကြီးစွာနဲ့ပဲ လျော်ပေးလိုက်ပါတယ်။ အဲလိုနဲ့ အရမ်းပြီးပြည့်စုံနေတဲ့ ကျွန်မအတွက် သူငယ်ချင်းအပေါင်းအသင်းလည်းနည်းသွားပီး အသိမိတ်ဆွေတွေပဲရှိတော့တယ်။ ဒါပေမယ့် ဂရုမစိုက်ပါပူး။ ကျွန်မက လိုတရနေတဲ့ ဘဝမှာနေနေရတာပဲ။ သူတို့လို ဟိုလူကိုကပ်မှ ဒီလူကိုကပ်မှ ရနေတဲ့ဘဝမှမဟုတ်တာ။ အေးဆေးပဲ။ ဒီလိုနဲ့ ဘဝကြီးကို အေးချမ်းသာယာစွာဖြတ်သန်းနေတဲ့ ကျွန်မဆီမှာ မမျှော်လင့်ထားတဲ့ နေ့တစ်နေ့ရောက်လာတယ်။ အတော်ကို ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ရတဲ့နေ့ပေါ့။
YOU ARE READING
Unexpected Sparks : The Love (Book-1)
Romanceအများက Gay ဟုသတ်မှတ်ထားသော လှလှပပနေတတ်သည့် ခပ်ထက်ထက် ခပ်စွာစွာ Architect အကိုကြီး နှင့် ယောက်ကျားလေးဆန်ဆန် ကောင်မလေးတို့ကြား တစ်မိုးေအာက်တည်း အတူနေရာမှ သံယောဇဉ်ဖြစ်လာပီး မမျှော်လင့်ထားတဲ့ မီးပွားလေးတစ်ခုပေါ်ပေါက်လာတယ်။ # Naughty Scene တွေပါမှာမို့...