⟢ : Part (14) !?★.ᐟ

3.4K 104 19
                                    

မိုးမြင့်သာ တမှိုင်မှိုင် တထွေထွေဖြစ်နေသည်ကို အတ္တကျော် သတိထားမိနေတာ တစ်ပတ်လောက်ရှိပီ။ ကိုယ်တိုင်လည်း အလုပ်မအားတာမို့ စကားလည်းသိပ်မပြောဖြစ်။ ဒီနေ့က ပိတ်ရက်ဆိုတော့ သေချာမေးကြည့်မည်ဟု ဆုံးဖြတ်ပီး အပေါ်ထပ်ကဆင်းလာသည်။။ မိုးမြင့်သာကို လိုက်ရှာတော့ အိမ်နံဘေးက ကွပ်ပျက်မှာ Headphone တပ်လျက် အိပ်ပျော်နေလေရဲ့။ ဝင်သက်ထွက်သက်က တိုးသက်ညင်သာနေပီး သူမ၏ ပါးပြင်ထက်တွင် လိပ်ပြာလေးတစ်ကောင်နားနေလေသည်။ အတ္တကျော်က ကွပ်ပျက်ဆီသို့ ဆင်းလာပီး အိပ်ပျော်နေတဲ့ သူမကို ငုံ့ကြည့်လိုက်သည်။ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေပုံရသည်။ သူမပါးပြင်ထက်က လိပ်ပြာလေးကို လေနှင့် ဖွဖွလေး မှုတ်ထုတ်လိုက်လေရာ လိပ်ပြာလေးက ချက်ချင်းထပျံသွားပီး သူမကတော့ မနှိုးလာ။

အတ္တကျော်က သူမ နှိုးလာမည်ဆိုးသဖြင့် အသံမထွက်မိအောင် သတိထားရင်း နံဘေးတွင် ဝင်ထိုင်လိုက်သည်။ အိပ်ပျော်နေသည့် သူမကို ကြည့်နေမိရင်း သူ ဝယ်ပေးထားသည့် headphone လေးအား အမြဲတပ်ထားလေ့ရှိသည်ကို အခုတလော သတိထားမိသည်။ အရမ်းများသော ပမာဏမဟုတ်သော်လည်း သေချာသုံးနေသည်ကို တွေ့ရသောကြောင့် ကျေနပ်မိသည်က အမှန်။ သို့သော် အိပ်ပျော်နေချိန် တပ်ထားသည်က အန္တရာယ်များသည်မို့ ဖြည်းညင်းစွာချွတ်ယူလိုက်လေရာ သူမ လူးလွန့်လာပီး မျက်စိအနည်းငယ်ဖြဲလာသည်။ အိပ်ချင်မူးတူးဖြစ်နေပုံရပီး အိပ်ချင်စိတ်က ကြီးစိုးနေပုံရကာ လက်နဲ့တစ်ခုခုကို လိုက်စမ်းနေသည်။ ထိုင်နေသော သူ့ပေါင်ကိုစမ်းမိသောအခါ ခေါင်းတိုးလာပီး ပေါင်ထက်ခေါင်းတင်ကာ ကွေးကွေးလေးပြန်အိပ်နေသည်။ သာမန်မိန်းခလေးများထက် အရပ်ရှည်သူဖြစ်သော်လည်း ထိုသို့ကွေးကွေးလေးအိပ်နေသောအခါ ပိစိသေးသေးလေးလိုဖြစ်နေသည်။ ပေါင်ထက်တွင် ပြန်အိပ်နေသည်မို့ အတ္တကျော်လည်း ဒီအတိုင်းထားလိုက်ပီး ခန္ဓာကိုယ်ကို သက်တောင့် သက်သာအနေထားဖြစ်အောင် ပြောင်းထိုင်ပီးနောက် မိုးသားကင်းစင်နေသော ကောင်းကင်ပြာကြီးအား ငေးကြည့်နေမိသည်။ ပတ်ဝန်းကျင်က အနည်းငယ်တိတ်ဆိတ်နေပီး သူ့ရင်ထဲ၌လည်း ငြိမ်းချမ်းနေသည်။ ထို့နောက် သူလည်းအနည်းငယ်ငိုက်မျဥ◌်းလာသည်။

Unexpected Sparks : The Love (Book-1)Where stories live. Discover now