မိုးမြင့်သာ တစ်ယောက် မိမိတစ်ခါမှမရောက်ဖူးသော Halloween ပါတီပွဲသို့ အတ္တကျော်၏အဆွယ်ကောင်းမှုဖြင့် သူတို့အဖွဲ့ကြားညပ်ကာ ရောက်လာသည်။ ပါတီပွဲအကြီးစားဖြစ်လေရာ မျက်စိမူးသွားမတတ် ကာလာစုံ ဒီဇိုင်းစုံ Halloween costume များကိုတွေ့ရသည်။ အခြားသူများက ပါတီပွဲအလယ်ထဲ ဝင်ပျော်နေပီဖြစ်ရာ မိမိနှင့် ဂုဏ်ခန့်ထည်သာ ဘူဖေးနေရာတွင် စားစရာများကို ငမ်းရင်းကျန်ခဲ့သည်။ ဂုဏ်ခန့်ထည်က Zombie girl ကဲ့သို့ ဝတ်ထားပီး သူ့ကောင်လေး သူရကျော်က Zombie Boy အဖြစ် Couple ဝတ်ထားကြသည်။ သူရကျော်က လက်ထဲသကြားလုံးများဖြင့် မကြာခင်ပြန်ရောက်လာပီး ဂုဏ်ခန့်ထည်အား ခနခေါ်သွားပါရစေဟု ဆိုကာ လာမ သွားသည်။ အခုတော့ ဘူဖေးတန်းထဲ တစ်ယောက်တည်း ဝါးတီးဆွဲကာ ဟိုကြည့် ဒီကြည့်ဖြင့်အဖော်မဲ့ကာ ကျန်ခဲ့သည်။ ထိုအချိန်တွင် အတ္တကျော်ဆီမှ ဖုန်းဝင်လာကာ ည ၁၀ နာရီထိုးလျှင် ဂုဏ်ခန့်ထည်နှင့်အတူ အိပ်ပြန်ရန် ရာဇသံလှမ်းပေးခြင်းဖြစ်သည်။သူကတော့ ပါတီပွဲဆီရောက်လာကတည်းက ပျောက်နေသည်။ အမမက်မွန်ချို အမသီရီဇော် ရဲရဲ ကိုဟိန်းတေဇ ထိုသူများ မိမိအနားတစ်ယောက်မှမရှိ။ ပါတီပွဲရောက်စကတည်းက VIP အတန်းသွားမည်ဟုဆိုကာ အတ္တကျော် နှင့်အတူပျောက်သွားသည်။ အတ္တကျော် ကိုယ်တိုင်လည်း ပါတီပွဲရောက်ကတည်းက တစ်ခုခုကိုစိတ်လှုပ်ရှားနေပုံရပီး အမြန်လိုနေသည်။
"ပစ်သွားကျတယ်..."
တစ်ယောက်တည်း ရေရွတ်ကာ ဟိုဟိုဒီဒီကြည့်ရင်းအားငယ်လာသည်။ အားလုံးကအတွဲကိုယ်စီဖြင့် ကသူက က ဆိုသူကဆို စသဖြင့် ပျော်ရွှင်နေကြသည်။
ပါတီပွဲက လူလည်းများသလို အလွန်ဆူညံနေသောကြောင့် ဘူဖေးတဝဆွဲပီးနောက် ဖျော်ရည်ခွက်အားအပြည့်ဖြည့်ကာ လေကောင်းလေသန့်ရသော နေရာတွင် တစ်ယောက်တည်းထွက်ထိုင်နေသည်။ ရဲရဲ က သူမအနောက်သို့ရောက်လာပီး ခြောက်လန့်လိုက်သောကြောင့် သူမ ထခုန်မိကာ နှလုံးထွက်ကျမတတ်ဖြစ်သွားသည်။"လန့်လိုက်တာ...ရဲရဲ ရာ..."
"တစ်ယောက်တည်း...ဘာလုပ်နေတာလဲ...ဒီမှာ....ဂုဏ်ခန့်ထည်ကရော..ဘယ်ရောက်.."
YOU ARE READING
Unexpected Sparks
Romanceအများက Gay ဟုသတ်မှတ်ထားသော လှလှပပေနတတ်သည့် ခပ်ထက်ထက် ခပ်စွာစွာ အကိုကြီး နှင့် ယောက်ကျားလေးဆန်ဆန် ကောင်မလေးတို့ကြား သံယောဇဉ်ဖြစ်လာရာမှ မမျှော်လင့်ထားတဲ့ မီးပွားလေးတစ်ခုပေါ်ပေါက်လာတယ်။ # Naughty Scene တွေပါမှာမို့... Serious မဖြစ်ပဲ ပေါ့ပေါ့ပါးပါးသာ...