မောင်ပြုံး (ခ) သူရမင်းမောင်ကို တွေ့သည်နှင့် မိုးမြင့်သာ နှာခေါင်းရှုံ့နေသည်။ မောင်ပြုံးက မနက်ကတည်းက အိမ်အောက်ရှိ ဧည့်ခန်းထဲရောက်နေကာ ပိတ်ရက်ဖြစ်သည့်အတွက် မိုးမြင့်သာ နှင့် Date ရန် စောင့်နေခြင်းဖြစ်သည်။ မောင်ပြုံးမှာ မိမိနှင့်အတူရှိချိန်တွင် လူပုံစံ စိတ်တမျိုးဖြစ်၍ အခြားသူများနှင့်ဆိုလျှင် ချိုသာယဉ်ကျေးပျူငှာသော လူလိမ္မာလေးအဖြစ် အသွင်ဆောင်သည်။ အတော်ကြောက်စရာကောင်းသည့်အကောင်ဖြစ်ကာ တကယ့်ချီးထုပ်လည်းဖြစ်သည်။ မိမိမှာ ထိုချီးထုပ်ကောင်နှင့် မလိုက်ချင်သော်လည်း ထိုအကောင်က သူအကျင့်အတိုင်း မျက်နှာချိုချိုဖြင့် သူများအားအပူကပ်တတ်ကာ လိုချင်သောအရာအား မရမကတောင်းလေ့ရှိသည်။ အခု Date ရန်ကိစ္စမှာလည်း ကိုငယ် နှင့် အမေ အား အပူကပ်ထားကာ နှစ်ရက် သုံးရက်ဆက်တိုက် နားပူနားဆာ လာလုပ်နေသဖြင့် စိတ်ရှုပ်စွာဖြင့်လက်ခံလိုက်ရသည်။ အောက်ထပ်တွင် အမေ နဲ့ စကားပြောနေသော မောင်ပြုံးက မိုးမြင့်သာ အပေါ်ထပ်မှဆင်းလာသည်နှင့် အကြည့်က သူမဆီချက်ချင်းရောက်လာသည်။
"ပြင်ဆင်လို့...ပီးပီပေါ့...."
သကာရည်လောင်း ဟန်ဆောင်အပြုံးက သဘာဝကျစွာ သူ့မျက်နှာထက်တွင်ပေါ်လာ၍ မသိလျှင် မိုးမြင့်သာအား အရမ်း fall in love နေသည့်ပုံပေါက်နေသည်။ တကယ် အောချစရာအကောင်ဖြစ်သဖြင့် မိုးမြင့်သာ ပိတ်ထိုးပစ်ချင်သည်။
"အင်း...အမေ..ဆိုင်ကယ်သော့ရော..."
"ဆိုင်ကယ် မယူနဲ့လေ...ကို့ ဆိုင်ကယ်နှင့်လိုက်ပေါ့..."
မိုးမြင့်သာက မောင်ပြုံးအား စူးစူးဝါးဝါးကြည့်ရင်း
"ဆုတောင်းလေ..." ဟုပြောလေရာ မောင်ပြုံးက အပြုံးမပျက်ပဲ
"တကယ်...ကို နဲ့ပဲလိုက်ရမှာ..." ဟု ခပ်ပြတ်ပြတ်အသံဖြင့် ပြန်ပြောသည်။
အမေက လောကွပ်ဖြင့်ကျောပွတ်လေသည်လား ရန်ထဖြစ်မှာဆိုး၍လား မသိ မောင်ပြုံးနဲ့သာ လိုက်သွားရန် ပြောသည်။ ထို့ကြောင့် မလိုက်ချင် လိုက်ချင်ဖြင့် မောင်ပြုံးအနောက်မှ ထိုင်လိုက်လာရသည်။ ဘုရားသွားမည်ဆိုသောကြောင့် မိမိက ထမိန်ဝတ်ထားေလရာ တခြမ်းစောင်းထိုင်နေရ၍ ခပ်ခွာခွာပင် ထိုင်နေမိသည်။
YOU ARE READING
Unexpected Sparks : The Love (Book-1)
Romanceအများက Gay ဟုသတ်မှတ်ထားသော လှလှပပနေတတ်သည့် ခပ်ထက်ထက် ခပ်စွာစွာ Architect အကိုကြီး နှင့် ယောက်ကျားလေးဆန်ဆန် ကောင်မလေးတို့ကြား တစ်မိုးေအာက်တည်း အတူနေရာမှ သံယောဇဉ်ဖြစ်လာပီး မမျှော်လင့်ထားတဲ့ မီးပွားလေးတစ်ခုပေါ်ပေါက်လာတယ်။ # Naughty Scene တွေပါမှာမို့...