⟢ : Part (4) !?★.ᐟ

5.7K 122 8
                                    

မိုးမြင့်သာ တက္ကသိုလ်တက်သည်မှာ တစ်လမျှရှိပီဖြစ်‌ေလရာအပေါင်းအသင်းများလည်းရ‌‌ေနပီဖြစ်သည်။ မိမိနှင့် ပေါင်းမိ‌သော သူငယ်ချင်းများမှာ မိန်းခလေးဆန်ဆန် သေးသေးသွယ်သွယ်လေးများဖြစ်၍ မိမိတစ်ယောက်တည်းသာ အရပ်ရှည်ရှည် ဂလန်ဂလားဖြစ်နေသည်။ အုပ်စုလိုက်ဘယ်နေရာသွားသွား အရပ်ရှည်သောကြောင့် ထင်ပေါ်နေလေရဲ့။ ယောက်ကျားလေးများနှင့်လည်း ပေါင်းရသင်းရအဆင်ပြေသည်။ သူတို့နဲ့ပေါင်းလျှင်တော့ မိမိအရပ်ကသိပ်မထင်ပေါ်။

နယ်မှပြောင်းလာသူဖြစ်သောကြောင့်   မိုးမြင့်သာမှာ စကားဝဲသူဖြစ်လေရာ မြို့ကြီးသား/သူများနှင့် ဆက်ဆံရာတွင် စကားအခက်ခဲရှိမည်ဟု ထင်မိသော်လည်း ထိုကဲ့သို့အခက်အခဲမျိုးမကြုံရသေးသောကြောင့် စိတ်အေးရသည်။ မိန်းခလေးများနှင့်ပေါင်းသင်းရာတွင်တော့ စကားအခက်ခဲထက် ခက်ခဲ‌ေသာအရာတစ်ခုရှိသည်။ ထိုအရာက အလှပရေးရာဆွေးနွေးခြင်းဖြစ်သည်။ မိုးမြင့်သာမှာ အလှပရေးရာနှင့် စပတ်သက်လျှင် အာရုံခံစားမှုနည်းသူဖြစ်သည်။ ခေတ်ရေစီးကြောင်း fashion ရေစီးကြောင်းကိုသူမသိ။ ထိုကြောင့် မိန်းခလေးများန‌ှင့် စကားအတူထိုင်ပြောလျှင်နားမလည်သောကြောင့် ထွက်ပြေးသွားချင်စိတ်များပေါက်နေသော်လည်း နဂိုအားဖြင့် အားနာတတ်သောကြောင့် ထိုင်နားထောင်နေသည်ကများသည်။ ထုံးစံအတိုင်း ဟိုလူမျက်နှာ ကြည့် ဒီလူမျက်နှာကြည့်ရင်း ပြုံးစိစိလုပ်ကာနားထောင်နေသည်။ ထိုစကားဝိုင်းထဲ ဝင်ပါချင်သော်လည်း စကားစရှာမတွေ့။ အူလည်လည်ရုပ်ဖြင့်သာ စကားဝိုင်းအဆုံးထိ။

အိမ်ပြန်လမ်းတစ်လျှောက်လည်း လူကပင်ပန်းနေသလိုဖြစ်နေကာ စိတ်လည်းနွမ်းလျနေသည်။ တက္ကသိုလ်ပတ်ဝန်းကျင်က နေသားမကျသလိုပင်။ မိမိမှာ Construction အပိုင်းကို မေဂျာယူထားသောကြောင့် မှတ်ရဖတ်ရသည်က အနည်းငယ်များပီး Assignment တစ်ခုကြောင့် ဒီရက်ပိုင်းအိပ်ရေးပျက်နေသည်။

"မောင်လေး....မောင်လေး"
သူမကို တစ်ယောက်ယောက်ခေါ်နေသည်ဟု ခံစားရသောကြောင့် ငိုက်မျဉ်းနေရာမှ မော့ကြည့်လိုက်သည်။

Unexpected Sparks : The Love (Book-1)Where stories live. Discover now