⟢ : Part (5) !?★.ᐟ🌚

9.8K 125 24
                                    

မိုးမြင့်သာ အိမ်သာထဲမှအရှိန်ဖြင့်ပြေးထွက်လာကာထိုအရိပ်ကြီးအား အားကုန်တိုက်ချလိုက်သည်။ ထိုအရိပ်ကြီး၏ ပုံသဏ္ဍန်အစစ်အမှန်ကိုမြင်ရလျှင် မိမိနှလုံးခုန်ရပ်သွားမည်ဆိုးသဖြင့် ဖုန်းမီးပိတ်ထားကာ ဖုန်းကိုကျစ်ကျစ်ပါအောင်ဆုပ်ထားသည်။ သို့‌သော် အရိပ်ကြီးက သူမကို‌ေဆာင့်ဆွဲလိုက်သလိုဖြစ်သွား၍ ကိုယ်ရှိန်မထိန်းနိုင်တော့ပဲ ထိုအရိပ်ကြီးနဲ့ လုံးထွေးလျက် ပိုပီးအမှောင်ကျသည့်နေရာသိုရောက်သွားသည်။ ဖုန်းကလည်းလက်ထဲမှလွတ်ကျသွားကာ လုံးဝကိုပိန်းပိန်းမှောင်သည့်နေရာဖြစ်နေသည်။

"ငါတော့ သွားပီ"

ဟူသောအတွေးဖြင့် သူမတကိုယ်လုံးတုန်နေတော့သည်။ ထိုအရိပ်ကြီးက သူမကို အပေါ်မှအုပ်မိုးထားသည်။ သူမတွန်းဖယ်ရန် ကြိုးစားကြည့်သောအခါ တုပ်တုပ်မျှ မလှုပ်။တကိုယ်လုံးအေးစက်နေသည်။ ထိုအရိပ်ကြီးက ကိုယ်ထည်ရှိပုံရပီး သူမ‌ေနာက်တကြိမ်တွန်းဖယ်ကြည့်သည်။ ကြောက်လွန်းလို့လည်း သေတော့မည်။ ဘာမှန်းမသိသော ထိုကိုယ်ထည်ရှိ အရိပ်ကြီးအားတ‌ွန်းဖယ်မိနေသည်မှာ အရူးတစ်‌ယောက်လို။ ထိုအရိပ်ကြီးက သူ၏လက်တစ်ဖက်ဖြင့် သူမ ခန္ဓာကိုယ်အားစမ်းနေသည်။ သူမ မျက်နှာ လည်ပင်း ရင်သား ခါး ပေါင် တကိုယ်လုံးကို လက်အေးအေးကြီးများဖြင့် လိုက်စမ်းနေသည်။ သူမကိုယ်တိုင်လည်း ကျောက်ရုပ်ကြီးကဲ့သို့တောင့်နေမိသည်။ သူမ ငိုပင်ငိုချင်လာသည်။ ထိုသရဲကြီးက သူမကိုယ်ပေါ်သို့ဖိချလိုက်ကာ သူ၏‌အေးစကျ‌နေ‌သော အသားရည်ဖြင့် သူမအသားကိုဖိကပ်ထားသည်။ သူမ တုတ်တုတ်ပင်မလှုပ်ရဲ။ သူမလည်း ရသလောက်တွန်းဖယ်ကြည့်သေးသည်။ ညည်းညူသံကဲ့သို့ အသံတချို့ ထိုသရဲကြီးဆီမှထွက်လာကာ သူမပို၍ကြောက်လန့်လာပီး အိမ်မက်သာဖြစ်ရန်ဆုတောင်းနေမိသည်။ ထိုသရဲကြီးက သူမတကိုယ်လုံးကိုဖိချထားကာ ‌အမေပြောသည့် ဘီလူးစီးသည်ဟူသော ကိစ္စကပါခေါင်းထဲဝင်လာသည်။ ဘုရားစာလည်းသတိမရတော့။ အခြေနေကလည်း မှောင်မဲကာ အကူညီမဲ့လွန်းသည်။

ထိုအချိန်တွင် သူမက အားသန်သူဖြစ်သည့်အချက်ကို သတိရမိသွားကာ ထိုသရဲကြီးအားဆွဲလှည့်ပီး လွတ်အောင်ကြိုစားရန်စဉ်းစားမိသည်။ လှုပ်ရှားရန်အနည်းငယ်အဆင်ပြေနေသော ပေါင်နှစ်ချောင်းအားကားလိုက်ပီး မိမိကိုဖိထားသည်ကို အတင်းပြန်ဖက်ထားလိုက်ရာ သူမခွကြားအား တစ်ခုခုလာထောက်နေသလိုခံစားလိုက်ရသည်။ ဘာကြီးမှန်းလည်းမသိ။ သူမ ကြက်သီးမွေးညင်းပိုထလာသည်။ ထိုအရာမာမာကြီးက သူမခွကြားထဲပိုတိုးဝင်လာကာ သူမ၏အမျိုးသမီး နေရာဖြင့် ထိကပ်နေသည်။ အရည်ချွဲချွဲများ ဘောင်းဘီတွင်လာပေသည်ကိုသတိထားလိုက်မိပီး သရဲကြီး အရည်များဖြစ်လိမ့်မည်။ သေထားသည်မှာအတော်ကြာနေပီဖြစ်ပုံရပီး သရဲဘဝရောက်သည့်တိုင် အပုပ်ရည် အချွဲအကျိများပါနေလေရာ ဘယ်ဝဋ်ကြွေးကိုခံစားနေရသည်မသိ။ သရဲကြောက်သော်လည်း ဝဋ်ကြွေးအကြောင်းစဉ်းစားမိသောအခါ သနားသွားရပြန်သည်။

Unexpected Sparks : The Love (Book-1)Where stories live. Discover now