Extra -1✨Kiss On Lipstick

4.7K 112 10
                                    

နေသာသောနေ့တစ်နေ့။ ပိတ်ရက်မို့ Shopping Mall ထဲ လူများ ပြည့်ကျပ်နေကာ ပျားပန်းခတ် သွားလာနေကြသည်။ " Beauty With me " အမည်ရှိ အလှကုန်များ ရောင်းသော ကောင်တာတွင် ဇီဇာကြောင် ပြီး အလှအပကို အလေးပေးသော အတ္တကျော်က Skin Care ပစ္စည်းများအား စိတ်အားထက်သန်စွာ လိုက်ကြည့်နေသည်။ ဂုဏ်ခန့်ထည်က သူ့ဆရာနံဘေး ထပ်ကြပ်မကွာလိုက်ရင်း အတူတူစပ်စုနေလေရာ လျှာထိုးဦးထုပ်ကိုနောက်ပြန်ဆောင်းလျက် Graphics T shirt အပွနှင့် အသားကပ်ဂျင်းဘောင်းဘီတွဲဖက်ဝတ်ဆင်ထားသော မိုးမြင့်သာက အနောက်ကလိုက်ပါလာသည်။

အတ္တကျော်က Serum ပုလင်းတစ်ခုကို ကိုင်ကာ မိုးမြင့်သာ ရှေ့ထောင်ပြရင်း

"မောင်ဇော်...ဒီ serum အတော်ကောင်းတယ်။ ရေဓာတ်အတော်ဖြည့်နိုင်ပီး Skin Barrier ထိထားတဲ့သူအတွက်ဆို so good....ဂလိုးဂလက်သွားစေတာ.."
ဟု ပြောလေရာ မိုးမြင့်သာက ပျင်းရိစွာ ကြည့်လိုက်သည်။

"Aww... ဒစ်စကို ဘောလုံးလို...ဂလိုးသွားတာမျိုးလား.."

"ဘာရယ်....အေးပေါ့ဟ...ဒစ်စကိုဘောလုံးလို...ဂလိုးဂလက်ပီး တောက်ပနေတာမျိုးပေါ့...အထူးသဖြင့် ငါ့အသားရည်ပဲ ကြည့်လေ..."

အတ္တကျော်စကားကို မိုးမြင့်သာက ပြုံးလိုက်ကာ
"အင်းပေါ့....ကိုအတ္တ‌ေကျာ် ဒီလောက်လိမ်းတာ ဒစ်စကိုဘောလုံးလို မဂလိုးဘူးဆို...ကျွန်မ ဓာတ်မီးနှင့် အလင်းပေးမှပဲရတော့မယ်..."

အတ္တကျော်က မိုးမြင့်သာကို မျက်စောင်းဒိုင်းကနဲ ထိုးပစ်လိုက်ပီး လျစ်လျူရှုလိုက်ကာ ဂုဏ်ခန့်ထည် နှင့် အခြား Serum ပုလင်းများအား Texture စမ်းလိုက် ingredients စစ်လိုက်လုပ်နေသည်။

ထို့နောက် နှုတ်ခမ်းနီ စင်ဆီသို့ မျက်စိအကြည့်ရောက်သွားကာ စိုက်ကြည့်နေမိပီး ဂုဏ်ခန့်ထည်၏ တိုက်တွန်းမှုကြောင့် နှုတ်ခမ်းနီစမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။ သုံးယောက်သား နှုတ်ခမ်းနီစင်ရှေ့ရပ်နေကာ များပြားလှသော Brand တံဆိပ်များ မတူညီကွဲပြားသော အရောင်မျိုးစုံများ Package များကြောင့် မိုးမြင့်သာ တစ်ယောက် မျက်စိကပြားသွားသည်။

ဂုဏ်ခန့်ထည်က အတ္တကျော်နှင့် မိုးမြင့်သာအား နှုတ်ခမ်းနီစမ်းကြည့်ရန် ပြောလေရာ မိုးမြင့်သာ ထိတ်လန့်တကြားဖြစ်သွားပီး ပြူးတူးပြဲတဲဖြင့်ပြောလေသည်။

Unexpected Sparks : The Love (Book-1)Where stories live. Discover now