⟢ : Part (2) !?★.ᐟ

6.6K 147 0
                                    

မိုးမြင့်သာ တစ်ယောက် ဖုန်းမှ နှိုးစက်သံကြောင့် ပြူးတူးပြဲတဲဖြစ်ကာ အိပ်ယာမှ ငေါက်ကနဲထထိုင်လိုက်သည်။ အိပ်ချင်မူးတူးဖြင့်ပင် နံဘေးပတ်ဝန်းကျင်ကို ကြည့်သောအခါ အခန်းတစ်ခန်းတည်းသို့ရောက်နေသည်။ ရုတ်တရက် ဘယ်နေရာရောက်နေမှန်း မသဲမကွဲဖြစ်သွားပီး မျက်စိအနည်းငယ်ကြည်ကာမှ မြို့ပြတွင် မိမိနေရမည့်အခန်းထဲရောက်နေကြောင်း အသိဝင်လာသည်။ နာရီကိုကြည့်မိရာ ညနေ ၃ နာရီကျော်ပီဖြစ်သည်။ ညနေတွင် အတ္တကျော်နှင့် ကုန်တိုက်သွားရန် ချိန်းထားသည်ကို သတိရသွားပီး ရေမိုးချိုးပြင်ဆင်ထားလျှင်ကောင်းမည်ဟု သူမတွေးမိသည်။

အခန်းထဲတွင် ရေချိုးခန်းမပါပဲ လျှောက်လမ်းအဆုံးတွင်သာ ရေချိုးခန်း အိမ်သာတွဲရက်ရှိလေရာ မျှသုံးရမည့် သဘောရှိသည်။ အိမ်ကနေပါလာ‌သော တကိုယ်ရည်အသုံးအဆောင်အချို့ နှင့် သဘက်တထည်အားယူပီးနောကိ ရေချိုးခန်းထဲဝင်ခဲ့သည်။ အပေါ်ထပ်တစ်ထပ်လုံးတိတ်ဆိတ်နေကာ အတ္တကျော်ရှိပုံမရ။ ဒေါ်မြကြည်သာကမူ အောက်ထပ်တွင် TV ကြည့်နေမှန်း ကြားရသော အသံကျယ်ကြီးများကြောင့် ခန့်မှန်းမိသည်။ ရေချိူးခန်းထဲရှိ ကိုယ်လုံးပေါ် မှန်ရှေ့သို့ရောက်သောအခါ တကိုယ်လုံး အဝတ်ချွတ်ပစ်လိုက်သည်။

ရင်ဘတ်ကိုတင်းကြပ်စွာ စည်းနှောင်ထားသော ရင်စည်း နှင့် ဘရာအားချွတ်လိုက်သည်နှင့် မိမိ၏ အနည်းငယ်ထွားသော စနေနှစ်ခိုင်မှာ တုန်ကနဲထွက်လာသည်။

"အမလေး...အခုမှပဲ အသက်ဝဝ ရှူရတော့တယ်"

ဘရာအား ချွတ်ထားသော အကျီပုံထဲပစ်ထည့်ရင်း လွတ်လပ်သွားသည့် စနေနှစ်ခိုင်နဲ့အတူ ခြေဆန့်လက်ဆန့်လုပ်သည်။ ဘောင်းဘီရှည်အား ချွတ်ချလိုက်ကာ အနက်ရောင် အတွင်းခံတထည်တည်းသာကျန်သည်။ မိမိမှာ ‌တင်ထွားသူမို့ ပေါင်လုံးများလည်းတုတ်ကာ ခြေဆစ်လက်ဆစ်ကြီးသူဖြစ်သည်။ မိန်းမသားဆန်‌ေသာ ကောက်ကြောင်းအပြည့်ရှိသော မိုးမြင့်သာမှာ သူမ၏နေပုံထိုင်ပုံကြောင့် Tom Boy ဟု အများကထင်ကြသည်။

အမေက မိန်းခလေးဆိုသည်မှာ ထိန်းထိန်းသိမ်းသိမ်းနေရသည် ဟူသောစကားဖြင့် ထွားကြိုင်းသော သူမ၏စနေနှစ်ခိုင်အား ဆယ်ကျော်သက်ကတည်းက အမြဲစည်းနှောင်ခိုင်းထား‌ကာ အမြဲ ထိန်းထိန်းသိမ်းသိမ်းရှိ‌‌ေစသည်။ သူမကိုယ်တိုင်ကလည်း အငြိမ်မ‌‌ေနခုန်ပျံ‌ေကျာ်လွှား‌ေနသူဖြစ်‌‌ေလရာ ထိုကဲသို့စည်း‌ေနှာင်ထားသည်က ပို၍ ယံုကြည်မှုရှိ‌‌ေစသည်။ သူမ၏အပြုအမူ အနေထိုင်‌ေကြာင့် ယောက်ကျားလေးဟု စတွေ့သည်နှင့် အထင်ခံရ၍ စကားသံကြားမှ မိန်းခလေးမှန်းသိကြသည်ကများသည်။

Unexpected Sparks : The Love (Book-1)Where stories live. Discover now