ဂုဏ်ခန့်ထည် တစ်ယောက်အား အတ္တကျော် အနိုင်ကျင့်နေသည်မှာ မနေ့ညနေကတည်းကဖြစ်သည်။ အခုလည်း လုပ်ထားသောစာရင်းများ မသေသပ်သောကြောင့် အပေါက်ဆိုးနေပြန်သည်။
"...အစကနေပြန်လုပ်...ဘောင်ချာတွေလည်းမစုထားဘူး......လုပ်ထားတာတွေ...စုတ်ပြတ်နေတာပဲ"
ဖျားနေသည့်အကြောင်းပြချက်ဖြင့် အတ္တကျော် အလုပ်ခွင့်ရက် တစ်ပတ်ယူထားကာ အဖျားက ကောင်းနေပီဖြစ်သော်လည်း အလုပ်မသွားပဲနေေလသည်။ အလုပ်ကို သူ မသွားသဖြင့် အလုပ်က သူ့ဆီရောက်လာကာ မနေ့ညနေကတည်းက ဂုဏ်ခန့်ထည်တစ်ယောက် File တပုံကြီးဖြင့် အိမ်သို့ပေါက်ချလာသည်။
ညလုံးပေါက်အလုပ်လုပ်နေကျကာ အတ္တကျော်ကတော့ အခန်းထဲပြန်အိပ်ပီး ဂုဏ်ခန့်ထည်ကိုတော့ ဧည့်ခန်းတွင် အလုပ်တပုံတပင်ကြီး နှင့် ထားခဲ့သည်။ မိုးမြင့်သာက တရေးနိုးသောအခါ ဆိုဖာပေါ်တွင်အိပ်ပျော်နေသော ဂုဏ်ခန့်ထည့်ကိုမကြည့်ရက်သောကြောင့် စောင်ယူပီးခြုံပေးခဲ့သေးသည်။ မနက်စာကို အလုပ်ထိုင်လုပ်နေသည့် ဧည့်ခန်းနေရာတွင်သာ စားကြပီး မနက်ကတည်းက အလုပ်ရှုပ်နေကြသည်။
တက္ကသိုလ်တွင် ပွဲတစ်ခုရှိသောကြောင့် အတန်းမသွားသည့် မိုးမြင့်သာက ရာသီဥတုအရမ်းပူသောကြောင့် ဘောင်းဘီအကြီးကြီးတစ်ထည်ကို လွတ်လပ်ပေါ့ပါးစွာ၀တ်ထားပြီး အိမ်နံဘေးကကွပ်ပျက်တွင် စက်ဘီးတစ်စီးအားပြင်နေသည်။ စက်ဆီအချို့ပေးနေပီး အပူချိန်ေကြာင့်လည်း ချွေးဒီးဒီးကျေနကာ ဆံပင်များလည်း ဖွာလန်ကျဲနေပီး ရုတ်တရက်ဆိုလျှင် မိုးမြင့်သာအား ၀ပ်ရှော့က ကောင်လေးတစ်ယောက်ဟု ထင်မိလိမ့်မည်။ ချိန်းကြိုးကို အသစ်ပြန်လဲရာတွင် လက်ဝင်သောကြောင့် အာရုံစိုက်ရင်း အလုပ်လုပ်နေစဥ် ဂုဏ်ခန့်ထည်၏ ခေါ်သံကြောင့်လှည့်ကြည့်လိုက်သည်။
"မိုးမြင့်သာ...ကိုနေ..အအေးပေးခိုင်းလိုက်တယ်"
ဂုဏ်ခန့်ထည်က တီရှပ်အပွလေးနဲ့ ဘောင်းဘီအတိုလေးဝတ်ထားကာ လူကောင်သေးသေးလေးမို့ ချစ်ဖို့ကောင်းနေသည်။ မိုးမြင့်သာက လှမ်းပေးသော အအေးဗူးအား ယူရင်း ဂုဏ်ခန့်ထည်အား တမနက်လုံးအားရပါးရငေါက်နေသည့် အတ္တကျော်ဆီအကြည့်ရောက်သွားသည်။ လည်ပင်းပေါက်အတော်ကျယ်သော ချည်ပါးအကျီ နှင့် အောက်ကလည်း ခပ်ပွပွချည်ထည်ဘောင်းဘီရှည်ကိုဝတ်ထားကာ လည်ပင်းပေါက်မှာတစ်ဖက်ပခုံးသို့ လျောကျလျက် ဧည့်ခန်းထဲရှိ ဆိုဖာတွင် နွဲ့နှောင်းသည့် ကိုယ်ဟန်ဖြင့် ခြေချိတ်ထိုင်ေနသည်။အအေးဗူးအား ပိုက်ဖြင့် စုပ်ေသာက်ရင်း Laptop screen ကိုကြည့်လိုက် စာရေးလိုက်ဖြင့် အလုပ်များနေပုံရသည်။ ဂုဏ်ခန့်ထည်က သူမနံဘေးတွင် အတူလာထိုင်ရင်း အအေးဗူးသောက်နေသည်။
YOU ARE READING
Unexpected Sparks : The Love (Book-1)
Romanceအများက Gay ဟုသတ်မှတ်ထားသော လှလှပပနေတတ်သည့် ခပ်ထက်ထက် ခပ်စွာစွာ Architect အကိုကြီး နှင့် ယောက်ကျားလေးဆန်ဆန် ကောင်မလေးတို့ကြား တစ်မိုးေအာက်တည်း အတူနေရာမှ သံယောဇဉ်ဖြစ်လာပီး မမျှော်လင့်ထားတဲ့ မီးပွားလေးတစ်ခုပေါ်ပေါက်လာတယ်။ # Naughty Scene တွေပါမှာမို့...