⟢ : Part (9) !?★.ᐟ

4.4K 100 11
                                    

"ငယ်လေးရေ.. အကို့ကို ဒါလေးတပ်ပေးအုံး"

"ဟုတ်ကဲ့...လာပီ..ကိုကြီး.."

မိုးမြင့်သာက ပြင်လက်စ စက်တစ်လုံးအား ထားခဲ့ကာ အင်ဂျင်တပ်နေသည့် အကိုကြီးဖြစ်သူဆီသို့ အပြေးထသွားသည်။ အကိုကြီးနှင့် သူ့တပည့်များက အင်ဂျင်အားမထားလျက် သူမက အကိုကြီး၏ ညွှန်ကြားချက်အားနားထောင်ရင်း လိုအပ်သည့်တပ်ဆင်မှုများပြုလုပ်ပေးနေသည်။ ဆယ်မိနစ်ခန့်မျှ အင်ဂျင်အား သေချာတပ်ဆင်ပီးသော် မ ပေးထားရသောသူများလည်း ခြေကုန်လက်ပန်းကျကြကာ မိုးမြင့်သာ၏ အဝတ်များ၌လည်း စက်ဆီများပေးကျံလျက်ရှိသည်။ တပ်ဆင်ပီးသော အင်ဂျင်အား အချောသတ် ပြန်စစ်ဆေးနေစဥ◌် အကိုကြီးက အချိုရည်အေးအေးတစ်ဗူးအား ယူလာ၍ သူမလက်ထဲသို့လာပေးသည်။

"သောက်လိုက်အုံး..အငယ်လေး..."

အကိုကြီးက သူမနံဘေးတွင် လာထိုင်လျက် သောက်လက်စဖျော်ရည်ဗူးအား ဆက်သောက်နေသည်။ အသက် ၃၂ ခန့်ရှိနေပီဖြစ်သော အကိုကြီး မိုးမြင့်နောင်မှာ အနေထိုင်အေးဆေး၍ တည်တံ့သူဖြစ်သည့်အလျောက် အလုပ်တွင်လည်း စေ့စပ်သေချာကာ အဖေ့လက်ထပ်သင်ပေးထားသည့်အတိုင်း တသွေမတိမ်းလိုက်လုပ်နိုင်သူဖြစ်သည်။ ယခုတွင်မူ အဖေ့အစား ဝပ်ရှော့တစ်ခုလုံးအား ဥ◌ီးစီးနေကာ အဖေ့ခြေရာအတိုင်းနင်းနိုင်သူအဖြစ် Customer များကြားနာမည်ကြီးသည်။ အထက်တန်းအောင်ပီးနောက် တက္ကသိုလ်ဆက်မတက်တော့ပဲ အဖေ့လုပ်ငန်းတွင် ဝင်ကူခဲ့ကာ အငယ်တွေကိုသာ ဘွဲ့ရတဲ့အထိ တက်စေခဲ့သည်။

အကိုကြီးက ယောက်ကျားတစ်ယောက်၏ အရည်အချင်းအပြည့်ရှိ‌ေသာ်လည်း ရပ်ကျော်ရွာကျော် အရှက်ကွဲခဲ့ရသည့် အဖြစ်အပျက်ရှိခဲ့သောကြောင့် မိမိကိုယ်ကိုအပြစ်ရှိစိတ်ဖြင့် ယနေ့အထိ ကောင်မလေးလည်းမထားသလို အိမ်ထောင်လည်းမပြုခဲ့ပေ။ သို့သော် ထိုကိစ္စဖြစ်ချိန်တွင် မိမိမှာ အသက်ငယ်သေးကာ လူကြီး ကိစ္စအားနားမလည်သော်လည်း အကိုကြီးမှာအပြစ်လုံးဝမရှိသလို ထိုကဲ့သို့လည်း ခံစားမနေသင့်ဟု မိုးမြင့်သာ တွေးမိသည်။

လာရောက်ကမ်းလှမ်းသော သမီးရှင်များ စေ့စပ်လိုသူများရှိသော်လည်း 'သူများ၏ သမီးရတနာအား မနာကျင်စေလို' ဆိုသည့်စကားဖြင့်သာ ငြင်းလွှတ်လျက် အခုအချိန်ထိ သူ၏စိတ်နှလုံးတံခါးအားပိတ်ထားသည်။ အခြားသူများအတွက် မဖွင့်ပေးလျှင်ရ၏။ တစ်စုံတစ်ယောက်အတွက်တော့ ဖွင့်ပေးသင့်သည်ဟု မိုးမြင့်သာ ထင်သည်။ ထိုသူကား အခြားမဟုတ်။ အကိုကြီး မိုးမြင့်နောင်၏ ငယ်သူငယ်ချင်းဖြစ်ကာ နှစ်ပေါင်းများစွာ တစ်ဖက်သတ်ချစ်နေသည့် အမ ဇွန်ရုံ ဖြစ်သည်။ တကယ်ကို ကြင်နာတတ်သူဖြစ်ပီး အကိုကြီးအား နှစ်ပေါင်းများစွာ သစ္စာရှိရှိတိတ်တဆိတ်ချစ်နေသူလည်းဖြစ်သည်။ မိုးမြင့်သာနှင့်လည်း ညီအမရင်းသဖွယ်ခင်ကာ နွေးထွေးစွာဆက်ဆံပြောဆိုသူဖြစ်သည်။ အမ ဇွန်ရုံအကြောင်းတွေးမိရင်း အကိုကြီးဆီ အကြည့်ရောက်သွားကာ အမ နှင့်ပတ်သက်၍ စကားစရန်စဥ◌်းစားလိုက်သည်။

Unexpected Sparks : The Love (Book-1)Where stories live. Discover now