p-16 z

124 1 0
                                    

ဆည်းဆာကို ခေါ်ပြီး နှောင်းတည်ထောင်ပေးထားတဲ့ သစ်အိမ်ရာ မိဘမဲ့ကျောင်းကို ထွက်လာလိုက်သည်

ဆည်းတာက နှောင်းကို အကျင့်မကောင်းဘူးဆိုပြီး တိုးတီးစွာကြားလိုက်ရတော့ နှောင်းပြုံးမိသည်

‌နှောင်းရောက်တော့ သစ်သစ်ကလာကြိုသည် သစ်သစ်ဆိုတာ mission တစ်ခုမှာ ကျရှုံးတာကြောင့် အပြစ်ပေးတဲ့အနေနဲ့ ဒီမှာ ကလေးတွေကို ကြည့်‌ကြပ်ပေးဖို့ ခိုင်းလိုက်တာပင် အခုဆို သူလဲ ဒီမှာပျော်ရောပေါ့

ပင်ပန်းနေတာကြောင့် ဖျာပေါ်မှာဆောင်ထပ်မခင်းတော့ပဲ လှဲချလိုက်သည် ဆည်းဆာဝင်လာတာ သိပေမယ့် လူက အတော်လေး အိပ်ချင်နေတာကြောင့်ဒီတိုင်းပဲနေလိုက်သည်

နှောင်းနိုးလာတော့ ဆည်းဆာက မနိုးသေးပါ အိပ်နေတဲ့ ဆည်းဆာ မျက်နှာလေးကို ကြည့်ပြီး သက်ပျင်းချမိသည်

သစ်သစ်ကို ဆည်းဆာကို သွားနှိုးဖို့ အကူအညီတောင်းလိုက်ပြီး မျက်နှာသစ်ဖို့ အစစအရာရာ လုပ်ပေးဖို့ပါ ပြောလိုက်သေးသည်

မနက်ဆို ကော်ဖီသောက်တတ်တဲ့ ဆည်းဆာအကျင့်ကြောင့် သစ်သစ်ကို ကော်ဖီထုတ်ရှိတဲ့နေရာ မေးလိုက်သည် ရုတ်တရက် ခေါင်းထဲဝင်လာတဲ့ အတွေးကြောင့် သစ်သစ်ကို ကော်ဖီဖျော်ခိုင်းလိုက်ရသည် နှောင်းဖျော်ရင် ဆည်းဆာ မသောက်မှာ အသေချာပင်

နှောင်းထိုနေရာကနေ ယုယလေးရှိရာကိုထွက်လာလိုက်သည် ယုယလေးဆိုတာ နှောင်း ဦးဆောင်တဲ့ mission တစ်ခုမှာ နှောင်းကယ်ခဲ့တဲ့ ကလေးပင် အခြားကလေးတွေနဲ့ သိပ်မရောတဲ့အပြင် သူ့ကို ခေါ်တုန်းက နှောင်းလက်ပေါ်မှာ အိပ်နေတာကြောင့် ယုယလေးကို ချီပြီး ဒီကိုဘဲ သူကိုယ်တိုင် ပို့ခဲ့တဲ့ ပထမဦးဆုံးကလေးပင် အတော်လေးချေစ်‌မွှးပါသည် ‌သံယောဇဉ်ကြိုးမျှင်လေးက နှောင်းနဲ့ယုယကြားမှာ ချည်နှောင်းပြီးပြီဖြစ်သည်

ယုလေးရစ်နေတာကို ဖြေရှင်းချက်ပေးနေတာနဲ့ နှောင်းအလုပ်ရှုပ်နေရသည်ထိုအချိန် သစ်သစ်တို့ရောက်လာတာကြောင့် နှောင်းသက်သာရာရသွားသည်

ညနေရောက်တော့ကလေးတွေနဲ့ ဘောလုံးကန်နေရင်း ကြားလိုက်ရတဲ့စကားကြောင့် ဂေဟာ နောက်ကို အမြန်ပင်ပြေးသွားရသည် နှောင်းရောက်တော့ ဆည်းဆာ ကိုယ်လေးက ရေကန်အောက်ပို တဖြည်းဖြည်း နစ်ဝင်နေပြီ ရေကူးရမှာ‌ကြောက်တဲ့အတွက် စိတ်က တွန့်ဆုတ်နေပေမယ့် မသိစိတ်က ရေကန်ထဲကို ခုန်ဆင်းပြီး ဆည်းဆာကို ကယ်လိုက်နိုင်သည် စိတ်တို့က မတည်ငြိမ်ဆဲပင်

ဗီလိန် (Villain)Where stories live. Discover now