(Zawgi)
ဒေါက် ! ဒေါက် ! ဒေါက် !
ဆံပင်ငွေရောင်လေးနဲ့ ကောင်လေးတစ်ယောက် တံခါးလာဖွင့်တယ် .........တံခါးဖွင့်ဖွင့်ချင်းပဲ
''Oh Sehun.........မင်းအခုထိအခန်းမဖယ်ပေးသေးဘူး လား ''
''ခဗျာ .....ဟုတ်..ဟုတ်ကဲ့ ဖယ်...ဖယ်ပေးမှာပါ ''
''အေး........ဖယ်မယ်ဆိုလဲ ဒီနေ့ချက်ချင်းဖယ် ''
''ခဗျာ! ........ဒီ.....ဒီနေ့တော့ မရ........''
''ဒီနေ့မှ မဖယ်ရင်တော့ ......မင်းရော မင်းပစ္စည်းတွေရော ဒီအခန်းထဲက လာဆွဲချမှာ ဒါပဲ ''
''ခဗျာ!''
''ဆက်နေချင်သေးရင်တော့ အခန်းခပေးပေါ့ .....မပေးနိုင်ရင်တော့ ဆင်း''
''ဟုတ် .....ဟုတ်ကဲ့ ''
ကျွန်တော် နာမည် က Oh Sehun ပါ ကျွန်တော့် မှာ ဖေဖေရယ်မေမေရယ် နဲ့ ကျွန်တော့် ကိုသိပ်ချစ်တဲ့ ကျွန်တော့် မမရယ် ဆိုပီး မိသားစုလေးယောက်ရှိတယ်
ကျွန်တော် ကအငယ်ဆုံးဆိုတော့ အိမ်မှာ အချစ်ခံရဆုံးပေါ့ ဒီလို ပျော်ရွှင်နေကြတဲ့ ကျွန်တော် တို့မိသားစုကို ကံကြမ္မာ က ရက်စက်ခဲ့တယ် .........
အခုဆို ကျွန်တော် တစ်ကောင်ကြွက်ဆိုတဲ့ ဘဝကိုရောက်ခဲ့တယ် .......
နေတဲ့အခန်းကလည်း အခန်းခမပေးနိုင်လို့ဆိုပီးမောင်းထုတ်နေပီ ကျွန်တော်က တက္ကသိုလ် တက်နေရင်းနဲ့ အချိန်ပိုင်းအလုပ်လုပ်နေရတာဆိုတော့
ပိုက်ဆံ ကမလောက်အခုလည်း ဆင်းပီးရင် ဘယ်သွားနေရမယ်မှန်းမသိဘူး....ကျွန်တော့်ရဲ့ ဘဝ ကဘာလို့ အဲ့လောက်တောင် ဆိုးရတာလဲ မသိဘူး..........
ကျွန်တော် လေ အမှန်တိုင်းပြောရရင် မမကို သိပ်လွမ်းတယ် ကျွန်တော့် ဘေးမှာ မမ ရှိရင် ဘယ်လောက် ကောင်းမလဲ .......
ကျွန်တော် တွေးနေရင်းနဲ့ ကျွန်တော့် မျက်ဝန်းထောင့်က မျက်ရည် တစ်စက် ကျနေခဲ့ပြီ...........