(Zawgi)
စိုထိုင်းနေတဲ့ အထိအတွေ့ ဆူးရှတဲ့ နေရောင်ခြည် တို့ကြောင့် Sehun မျက်လုံးလေးပွတ်ပီး လှဲနေရာကနေ ဖြေးဖြေးချင်း ထထိုင် လိုက်တယ် ပီးတော့ သူ့ဘေးပတ်ဝန်းကျင် ကို ဝှေ့ဝိုက်ကြည့်လိုက်မိတော့ Sehun မျက်လုံးတွေ အပြူးသား .............
''ငါ .....ငါဒီကို ဘယ်လိုလုပ်ရောက်လာတာလဲ.....
ငါ...ငါအိမ်ထဲက Sofaပေါ်မှာ အိပ်ပျော် သွားတာပါ အခု ဘယ်လိုလုပ် ခြံထဲက မျက်ခင်းပေါ်ရောက်လာတာလဲ ပီးတော့ ဘေးမှာ ငါ့အထုပ်တွေလည်း ရောက်နေတယ်.......ငါ့ကို တစ်ယောက်ယောက် က ဆွဲထုတ်ထားတာလား အဲ့ဆွဲထုတ်တဲ့ သူက လူလား သရဲလား ......ဟာာ...စဉ်းစားနေတာကြာတယ်....အရေးကြီးတာက ငါ့အထုပ်တွေအထဲပြန်ရွှေ့ရမယ်....ဟုတ်တယ် ''
Sehun ပြောနေရင်းနဲ့ပဲ .....အထုပ်တွေကို မပီး အိမ်ထဲရွှေ့နေပြန်တယ် ......အထုပ်တွေ အားလုံးလည်း ရွှေ့လို့ပီးရော.....သူ့လက်က နာရီ ကို လှမ်းကြည့်မိတော့ ........
''Moya ကျောင်းနောက်ကျနေပီ .....''
Sehun အထုပ်ထဲက ကျောင်းဝတ်စုံကိုလိုက်ရှာနေတယ် မြန်မြန် ရှာနေတာ ဆိုတော့ ဘေးမှာ အဝတ်တွေမှ ပွနေတာပဲ........အထုပ် တစ်ဝက်လောက်ရောက်တော့ သူ့ရဲ့ ကျောင်းဝတ်စုံလေးထွက်လာတယ် သူလည်း အားရဝမ်းသာနဲ့ အဲ့နေရာမှာပဲ ကျောင်းဝတ်စုံကိုလဲလိုက်တယ်......
သူကျောင်းလွယ်အိတ်ကိုကောက်လွယ်လိုက်ပီး.......အိမ်ထဲကို တစ်ချက်ဝှေ့ကြည့်လိုက်တယ်....
''ဒီတစ်ခါလည်း ငါ့ကို ချောင်းကြည့် နေတဲ့ ခံစားမူကြီး ဖြစ်ပြန်ပီ ဟူးး......''
Sehun တစ်ယောက် အိမ်နဲ့ခြံကို သေချာ သော့ခတ်ပီး ကျောင်းကို အမြန်ပြေးရတော့တယ်...............
At School............
ကျောင်းပေါက်ဝမှာ ခေါင်တုတ်ခေါက်ပြန် လမ်းလျှောက်နေတဲ့ Kai......
''Kai ya ဒီမှာ ဘာလုပ်နေတာလဲ ''
''Sehun ya ဘယ်လိုလဲ အခြေနေ...''
