''ငါ Vampire ဆို မင်းငါ့ကို သူငယ်ချင်း လုပ်ဦးမှာလား ပီးတော့ Soo ကရော.....??? ''
''မင်း ဘာတွေပဲဖြစ်နေပါစေ အမြဲတမ်း ငါ့အချစ်ဆုံး သူငယ်ချင်း ပါ Choco ရာ ''
__________________________________________________________________
အာားးးးးးးးးးးးးးးးးး
မှောင်မိုက်မိုက်အခန်းထဲက အော်သံတွေက တခြားသူတွေအတွက်တော့ ခြောက်ခြားစရာ ဆိုပေမယ့် သူမအတွက်တော့ ကျင့်သားရနေသလိုလို ..............
နေ့တိုင်းလိုလို Doung Ju ခေါ်လာတဲ့ သွေးတွေပေနေတဲ့ သူတွေ ကို သွေးစုပ် သတ်မိရင်း စိတ်ထဲမှာ လည်း ရွံရှာ မုန်းတီး မိတယ် ငါဟာ မိစ္ဆာ တစ်ကောင် ဖြစ်နေပီလားလို့ပေါ့.....အခုထက်ထိကို ကိုယ့်စိတ်ကို မထိန်းနိုင်သေးဘူး သွေးမြင်ရင် သွေးနံ့ ရရင် ထိန်းချုပ်နိုင်စွမ်းတွေ လွတ်ထွက်ကုန်တယ်......
ကျွီ .........
ဆိုတဲ့ အသံနဲ့အတူ ထုံးစံ အတိုင်း Doung Ju က လူ တစ်ယောက် ကို ခေါ်လာပြန်တယ်......ထူးခြားတာက ဒီတစ်ခါ ခေါ်လာတာက မိန်းကလေး အခုထက်ထိ Gyeohun သတ်မိခဲ့တဲ့သူတွေ အကုန်လုံး က ယောက်ျားလေးတွေကြီးပဲ......အခု က မိန်းကလေး ဆိုတော့ Gyeohun အံ့သြနေလေရဲ့.....နောက်ပီး အခု ပါလာတဲ့ မိန်းကလေးဆီက သွေးနံ့ လုံးဝ မရဘူး..........
Doung Ju က သတိမေ့နေတဲ့ မိန်းကလေး ကို မှောင်မိုက်မိုက်အခန်းထဲက တစ်ခု တည်းသော ခုတင်ပေါ်မှာ တင်ပေးပီးတော့............
''ဒါ မင်းအတွက်!
...... သွေးပေနေတဲ့ သူတွေ ကိုပဲ အမဲလိုက်ခိုင်းနေတော့ ပျင်းနေမှာဆိုးလို့.......အသစ်အဆန်းလေးပြောင်းပေးတာ......''Doung Ju ကတော့ ပြောချင်တာပြောပီး ထွက်သွား လေရဲ့.........
Doung Ju ထွက်သွား တော့မှ Gyeohun သူ့ဘေးနားက ကောင်မလေး ကိုကြည့်မိတယ် တကယ့်ကိုချစ်စရာကောင်းတဲ့ မိန်းကလေးပါ.....မျက်နှာ ဝိုင်းဝိုင်း ပါးဖောင်းဖောင်းလေးနဲ့........