ဖြောင်းးးးးဆိုတဲ့ အသံနဲ့အတူ
အခန်းထောင့်မှာ အရိုက်ခံရလို့ပုံရက်လဲနေတဲ့ ကောင်မလေး တစ်ယောက်.. ......အဖြစ်အပျက်တွေကိုနားမလည်ပဲ ကြောက်စိတ်တွေသာ လွမ်းမိုးခံထားရတဲ့ ခုတင်ပေါ်က ကောင်မလေး တစ်ယောက်................
ကြိုးတုတ်ခံထားရတယ် နောက်ပီး ဓားနဲ့ အမွှန်းခံထားရတဲ့ လက်က ဒဏ်ရာ ရဲ့နာကျင်မှု တွေ အခန်းပြင်ကနေ ကြားနေရတဲ့ အထဲက ရိုက်နှက်သံတွေကြောင့် တစ်စုံတစ်ယောက်ကို စိတ်တွေပူနေတဲ့ ကောင်လေးတစ်ယောက်................
'' မင်း ဒါလေးတောင် မလုပ်နိုင်ဘူးလား ဟမ်! ''
Doung Ju အသံက ဒေါသသံစွက်နေလေပီ မျက်ဆံများပင် နီနေလေပီ .................
''ဟင့်အင်း လူမသတ်ချင်ဘူး ''
ကြောက်စိတ်ကို ဖယ်ပီး Gyeohun မရဲတရဲ ပြန်ပြောမိတယ် .........
''မင်းက ငါ့ကို ပြန်ပြောရအောင် မင်း အသားထပ်နာချင်နေပီထင်တယ် ရတယ် လေ မင်း သွေးနံ့ လေးရသွားရင်တော့ ဒီစကား ထွက်လာမယ် မထင်ဘူး ''
Doung Ju ကပြောပြောဆိုဆိုနဲ့ လက်မှာ ဓားနဲ့ မွှန်းခံထားရလို့ သွေးထွက်နေတဲ့ ကောင်လေးကို ခေါ်လာပီး Gyeohun ရှေ့ကို တွန်းပို့  လိုက်တယ် ကောင်လေး ခမျာ ကြိုးနဲ့အတုပ်ခံထားလို့ အရုပ်ကြိုးပြတ် Gyeohun ရှေ့ကို လဲကျလေရဲ့ ................
''မိတ်ဆွေ ဟောင်းကြီးတွေရောက်လာကြပီပဲ မင်းတို့တွေ အခု တော့ ဒီမှာ ပဲနေခဲ့ကြဦး ''
Doung Ju တစ်ယောက် Luhanတို့ ရောက်လာမှန်းသိလို့ သူ့ခွင်ထဲဝင်လာပီ ဆိုပီး အောင်နိုင်သူပမာ တစ်ချက်ပြုံးပီး အခန်းတံခါးကို သော့ခတ် ပီး Luhan တို့ရှိရာကို ထွက်လာခဲ့တယ်
''မမ ...ကျွန်တော် Sehun လေ ကျွန်တော့် ကိုမှတ်မိလားဟင် ''
''Se.....Sehun !''
Gyeohun တစ်ယောက် Sehun ဆိုသော နာမည်လေးကို ရွတ်ကြည့်တယ်........