'' တူ .....တူ......တူ......တူ.......''
Sehun ရဲ့ နှိုးစက် က အချိန်မှန် အလုပ်လုပ်နေပီ
Sehun တို့က လည်း ထုံးစံအတိုင်း ပြန်ပိတ်ပီး အိပ်တာပေါ့.............
Sehun သူ့ဘေးက Hyung ကို လက်နဲ့ လိုက်စမ်းနေတယ် မျက်လုံးက တော့မပွင့်သေး..........
''Hyung ဘယ်ရောက်သွားတာလဲ......''
Sehun သူ့ဘေးမှာ Luhanကိုမတွေ့တော့ အိမ်မှုန်စုတ်ဖွားနဲ့ ထရှာရော.........
Sehun........Luhan ကိုလိုက်ရှာတာ နှံ့နေပီ မတွေ့ဘူး နောက်ဆုံး မီးဖိုချောင် ပဲကျန်တော့တာနဲ့ ........မီးဖိုချောင် ကိုဦးတည်လိုက်တယ်.........
''Hyung ဒီမှာ ဘာလုပ်နေတာလဲ ကျွန်တော် ကလိုက်ရှာနေတာ.........Hyung ကျွန်တော် ပြောနေတာ......မကြား............................
အားးး........................''
Sehun က သူ့ကိုနောက်ကျောခိုင်းထားတဲ့ Luhan ကိုပြောနေတဲ့အချိန်မှာ Luhan က ရုတ်တရက် သူ့ဘက်လှည့်လိုက်တဲ့ အချိန်မှာ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် Sehun စကားတောင် ဆက်မပြောနိုင် ပဲ အော်လိုက်မိတယ်..........
Sehun လန့်မှာပေါ့ Luhan ကမျက်လုံးကြီးနီ ပီး ကြွက်ရဲ့ သွေးကို သောက်နေတာကို......ဆံပင်က စုတ်ဖွားနဲ့ အဝတ်အစား တွေလည်း ပြန်ပေကုန်ပီ.........
''Hyung အဲ့ကြွက်တွေစားနေပြန်ပီလား ........
မစားနဲ့  တော့Hyung အဲ့ကောင် တွေက မသန့်ဘူး ''
Sehun က Luhan စားနေတဲ့ ကြွက်ကိုသွားဖယ်လိုက်တော့ Luhan မျက်လုံးနီတွေက ပိုပီးအရောင်တောက်လာပီး မာန်ဖီ တဲ့ အသံတွေထွက်လာတယ် Sehun
ကိုလည်းနံရံမှာဆွဲကပ်လိုက်ပီး ကိုက်ဖို့လုပ်နေတယ်........
Sehun တစ်ယောက် အားကုန်သုံးပီး ရုန်းနေပေမယ့် အသုံးမဝင် သူတို့နှစ်ယောက် ရဲ့အားက ဘယ်လိုမှ မမျှ ...........Luhan ကတော့ ကိုက်ဖို့ပဲ ကြိုးစားနေတယ်..........
Sehun ခမျာ နံရံမှာ ကပ်နေပီး သူ့လည်ပင်းကို ကိုင်ထားတဲ့ Luhan လက်တွေ ကိုအသည်းအသန်ဖယ်နေတယ် ဒါပေမယ့် Luhan လက်တွေက တော့ ယခင်အတိုင်း မပြောင်းလဲ.........
Luhan ရဲ့ သွားတွေက Sehun ရဲ့ လည်ပင်းက သွေးကြော လေးတွေ ရှိရာကို ဦးတည်နေတယ်...........Sehun တစ်ယောက် အခုအချိန်မှာ သေအောင်ကြောက်နေပါပီ သူဘယ်လောက်ပဲ ရုန်းရုန်း မလွတ်တော့ဘူးလေ..........
