(Zawgyi)
တိတ်ဆိတ် နေတဲ့ ညကို Sehun ရဲ့ ဖန်ခွက်ကျကွဲသံက လွှမ်းမိုးသွားတယ် ..........
မျက်စိရှေ့က မြင်ကွင်းကြောင့် Sehun တစ်ယောက် ကြောက်လန့်ပီး အော်လိုက်ချင်ပေမယ့်
အသံတွေက လည်ချောင်း ထဲမှာ ပျောက်ရှ သွားတယ်........ခြေလှမ်းတွေ က နောက်သို့ တစ်လှမ်းချင်းဆုတ်နေပေမယ့်........အကြည့်တွေကတော့ ထိုနေရာက မခွာ.......မျက်တောင်မခတ်ကြည့်နေမိတုန်း...........''မင်းက........မင်းက.....ဘယ်သူလဲ..........
ဘာလို့......ဒီအိမ်ကိုရောက်နေတာလဲ.......''Sehunကြောက်ကြောက်လန့်လန့်နဲ့ မေးလိုက်တော့........
''မင်းတို့ လူတွေ ကအတူတူပဲ အခုငါ့ကို ကြောက်နေပီမလား မင်းကို စားမှာ ဆိုးလို့ ငါ့ကိုတစ်ခုခုလုပ်တော့မှာမလား ''
အဲ့တော့မှ Sehun သူုလက်ထဲက ကိုင်ထားတဲ့ ဓားကိုချလိုက်တယ်.........
အမှန်တော့ Sehun က လန့်ပီး ဘေးမှာ ရှိတဲ့ ဓားကိုကိုင်ထားတာ သူ့ကို ရန်ပြုရင် ပြန်ခုခံဖို့ပါ................''ခဗျားက......ဘယ်သူလဲ.........''
''မင်းငါ့ကို တကယ်မမှတ်မိဘူးလား ''
မမှတ်မိဘူးလားဆိုတဲ့ စကားကြောင့် Sehun သေချာကြည့်လိုက်မိတယ် .........
ဆံပင်တွေက ဖိုရိုဖဲရဲ နဲ့ ဂုတ်လောက်ထိရှည်နေတယ်
မျက်လုံးတွေ ကလည်း အနီရောင် သန်းနေတယ်
နှုတ်ခမ်းမှာလည်း သွေးတွေ ပေနေတယ် လက်ထဲမှာ လည်း ကြွက်သေကို ကိုင်ထားတယ်.......အမှောင်ထဲမှာ စောင့်ကြောင့်လေးထိုင်နေတဲ့ သူကို Sehun ကြည့်ပီး စိတ်ထဲမှာ သနားသွားတယ်........သေချာထပ်ကြည့်မိတော့မှ ဝတ်ထားတဲ့ အဝတ်အစား တွေက ပေကျံနေတဲ့ အပြင် စုတ်ပျက်ပီး ပြဲနေတာမှ ........မြင်လို့မကောင်း.........
ဒါပေမယ့် သူ့ရဲ့ မျက်ဝန်းတွေကိုတော့ ရင်းနှီး နေသလို............စစတွေ့ချင်းတုန်းကတော့ ရုတ်တရက် ဆိုတော့ သေလောက်အောင် ကြောက်နေမိပေမယ့် .....အခုတော့ ကြောက်စိတ်တွေကို ကျွန်တော် ဖယ်လိုက်တယ်