(Zawgyi)
''ခဗျား Hyung ကို မသတ်ရဘူး .......''
''သိပ်ကြည့်လို့ကောင်းတဲ့ ချစ်သူနှစ်ယောက်ပါလား...............ဟား.....ဟား.........''
''ရတယ်လေ ငါ့အသက်ကိုလိုချင်တယ်ဆို မင်းနဲ့ငါ နှစ်ယောက်တည်းရှင်းမယ် Sehun ကိုတော့ ပြန်လွှတ်ပေးပါ .............''
''No!.....No!.....ဒီလိုတော့မရဘူး.......Sehun ရှေ့မှာ မင်းသေတာကိုမြင်ချင်တာ.........''
''PARK DOUNG JU!........မင်း.....''
''ဟား.....ဟား.......''
''မင်း ကို ငါအမှန်တရားတွေပြောပြခဲ့တာပဲ မင်းမှလက်မခံခဲ့တာ ''
''မင်း ပါးစပ်ကိုပိတ်ထား.....လိုက် Luhan မင်းကြောင့် ငါ့ညီမကိုဆုံးရှုံးခဲ့ရတာ ........အဲ့အတွက် မင်းအသက်ကိုငါလိုချင်တယ်.......ဒါတင်မကသေးဘူး မင်းချစ်တဲ့သူရှေ့မှာ ရစရာမရှိဖြစ်အောင်လုပ်ပီးမှ သတ်မှာ........''
စကားဆုံးတာနဲ့ တပြိုင်နက် Doung Ju က Luhan ကို အင်္ကျီစနှစ်ဖက်ကနေဆွဲပီး အားနဲ့ တွန်းလိုက်တာ luhan ခန္ဒာကိုယ်လေးက နံရံနဲ့ ပစ်တိုကိပီး အောက်ကို အရုပ်ကြိုးပြတ် ပြုတ်ကျသွားတယ်........နောက် နှုတ်ခမ်း ထောင့်ကနေ သွေးအချို့စီးကျလာတယ် Luhan တစ်ယောက်အသံတောင်မထွက်နိုင် အသက်ပင် မှန်အောင် လုရှုနေရတယ်................
''Hyung !.........Luhan Hyung! .........''
Sehun ရဲ့အော်သံများက အက်ကွဲနေလေပီ........သူ့မျက်ဝန်းများကလည်း ငိုကြွေး နေကြပီ..........သူအခု Luhan ဆီကိုပြေးသွားချင်မိပေမယ့် သူ့တစ်ကိုယ်လုံးကြိုးနှင့်တုတ်ထားတော့
အော်ရုံမှ အပ မတက်နိုင်...............
Luhan နားထဲမှာ Sehun အော်သံတွေက ကြားတစ်ချက် မကြားတစ်ချက်...................
''ထပါဦး Vampire ကြီးရဲ့........ဟား......ဟား......
အရသာလေး ဘယ်လိုနေတုန်း...........နောက်မြည်းကြည့်ဖို့ကျန်သေးတယ် သိရဲ့လား..........''
ပြောရင်းဆိုရင်း Doung Ju ဘေးက သစ်သားခုံတစ်ခုကို ဆွဲယူပီး Luhan ကို ခုံနဲ့ ပိတ်ရိုက်လိုက်တယ်.................
