(Zawgyi)
''တီ.....တီ.....တီ.......တီ ''
ပုံမှန် အလုပ်လုပ်နေတဲ့ နိုးစက်ကို ပိတ်ပီး ထလိုက်တယ် အိပ်ရာက ထထချင်း မျက်လုံးတွေ ကဖွင့်မရ
ညက ငိုပီး အိပ်ထားတော့ မို့အစ်ပီးဖောင်းနေလို့လေ ဒီအကျင့် ကကျွန်တော်တို့ မောင်နှမရဲ့ဖြစ်နေကြအကျင့်ပဲလေ ငိုပီးရင် လိမ်လို့မရတာ..............................
ကျွန်တော် ရေချိုးခန်းဝင် အဝတ်အစား လဲပြင်ဆင်ပီး ကျောပိုးအိတ်ကို လွယ်ပီး အခန်းတံခါးဖွင့်လိုက်တယ်........နောက်ပီး ကျွန်တော် သတိရလိုက်တာက မမ
ကျွန်တော် ကျောင်းမသွားခင် မမကို နှုတ်ဆက်ရဦးမှာပဲ..........ကျွန်တော့် ခြေလှမ်းတွေ က မမရှိရာ အခန်းလေးဆီ ဦးတည်လိုက်တယ်...........
အခန်းထဲ မှာတော့ အပူအပင်မရှိ အိပ်စက်နေတဲ့မမ
ကျွန်တော် ခုတင် ဘေးမှာ ဝင်ထိုင်လိုက်ပီး......
''မမ ကျွန်တော် ကျောင်းသွားတော့မယ်နော် အိမ်မှာ ကောင်းကောင်း နေခဲ့နော်........ပီးတော့ အိပ်မနေနဲ့တော့လေ နိုးလာပီး ကျွန်တော် ကို မုန့်မဝယ်ကျွေးတော့ဘူးလား .........မမ ကျွန်တော် သွားပီ ပြန်လာရင် မမ အတွက်မုန့်ဝယ်ခဲ့မယ်နော် တာ့တာ ''
ကျွန်တော် မမ ကိုနှုတ်ဆက်ပီး ကျောင်းကို ထွက်လာခဲ့တယ်......Hyung ကိုတော့ အိမ်မှာ မတွေ့ဘူး သိဘူး သူ့အကြောင်း မစဉ်းစားဘူး မမအကြောင်းပဲစဉ်းစားမယ် ..........ကျွန်တော် ကျောင်းရောက်တော့............
''Sehun ya ....''
ထုံးစံအတိုင်း Kaiတို့တော့ ကျွန်တော့်ကို စပ်စုတော့မယ်........
''Aww......''
''မင်း........ငိုထားတာလား ''
''အင်း ဟုတ်တယ် ''
''ဘာဖြစ်လို့လဲ သရဲ ကြောက်လို့လား ''
''သရဲကြောက်လိုမဟုတ်ပါဘူး ကွာ မမကိုသတိရလို့ပါ ''
ကျွန်တော် Hyung အကြောင်းတွေကို မပြောချင်လို့ Kaiကို လိမ်လိုက်တယ်........
