(Zawgyi)
ကျွန်တော် Hyung လက်ကိုကိုင်ပီး Busကားမှတ်တိုင်မှာ ကားစောင့်နေတယ်...........
ကျွန်တော် Hyung ကိုကြည့်လိုက်တော့........
ကျွန်တော် လက်လေးကို ကျစ်ကျစ်ပါအောင် ကိုင်ထားရင်း ခေါင်းကိုသာငုံ့ထားတယ် .......
ဟုတ်ပါတယ် လေ Hyung အတွက်ကတော့ အဆင်မပြေဖြစ်နေမှာပဲ လူတွေနဲ့ ဘယ်အသားကျဦးမလဲ.........
ကျွန်တော် တို့စီးရမယ့် Bus ရောက်လာတော့.....
ကျွန်တော် Hyung ကိုလက်ဆွဲပီး ကားပေါ် တက်သွားလိုက်တယ်......ကံကောင်းချင်တော့ ကားကချောင်တယ်လေ နေရာရတာနဲ့ အဆင်ပြေသွားတယ်.......ဒါပေမယ့် လူတွေ ကားတွေနဲ့ နေသားမကျတဲ့ Hyung အတွက်ကတော့........
''Sehun ရောက်တော့ မှာလား ''
''ဟုတ် ရောက်တော့မယ် နောက် နှစ်မှတ်တိုင်ဆို ရောက်တော့ မယ် ''
''အင်း.....''
'' Hyung ဘာဖြစ်လို့လဲ ''
''ဘာ ....ဘာမှ မဖြစ်ပါဘူး ''
ကျွန်တော် ဘာမှ မဖြစ်ဘူးသာပြောလိုက်တာ အမှန်တော့ ကျွန်တော် ရင်ထဲမှာ တမျိုးကြီးပဲ ဗိုက်ထဲက ဟာတွေ အပြင်ထွက်ချင်တဲ့ ခံစားမူကြီး.......ဒါပေမယ့် Sehun ကရောက်တော့မယ်ဆိုတော့ အဲ့အချိန်ထိ ကျွန်တော် အားတင်းထားလိုက်တယ်.........
# Yehet......Vampire ကားမူးနေတယ်......
''Hyung ရောက်ပီ ''
''အင်း .....''
ကျွန်တော် မူးဝေဝေကြီး ဖြစ်နေပေမယ့် Sehun ဆီက ရောက်ပီ ဆိုတဲ့ အသံကြားတော့ အားတင်းပီး Sehun နောက်ကိုလိုက်ခဲ့တယ် ကားပေါ်ကလည်းဆင်းရော......
''Sehun......Hyung နေရတာတမျိုးကြီးပဲ.....''
''ကျွန်တော် သိတယ် Hyung ကားမူးနေတာလေ
ကျွန်တော် ပျောက်အောင်လုပ်ပေးမယ်.....ခနလေးတော့ သည်းခံ နော်''
''အင်း.....''
Sehun က ခနသည်းခံဆိုတော့လည်း ကျွန်တော် ကြိတ်မှိတ်ပီး သည်းခံ နေတာပေါ့.......
Sehun က ကျွန်တော် လက်ကို တင်းတင်း ဆုပ်ကိုင်ပီး အဆောက်အအုံတစ်ခုထဲဝင်သွားတယ်......နောက်.....မှန်အကြီးကြီးတပ်ထားတဲ့ အခန်းထဲခေါ်သွားတယ်........(သန့်စင်ခန်း)
