Suho က ဝမ်းဗိုက်မှာ ဓားတန်းလန်းနဲ့ မို့သွေးတွေမြင်မကောင်းအောင်ကျနေပီးတော့ မေ့မျော နေတဲ့ Luhan ကို ပွေ့ချီပီး အိမ်ပြန်ရောက်လာခဲ့တယ်........................
Luhan ကိုလည်းတွေ့ရော Sehun တစ်ယောက် အရူးလိုပဲ ပြေးသွားမိတယ် နောက်......
Luhan လက်လေးကိုကိုင်ပီး မျက်ဝန်း ထဲက မျက်ရည် တွေလည်း အပြင်ကိုလျှံကျလာလေရဲ့........အားကိုးတဲ့ မျက်ဝန်းတွေနဲ့ Suho ကိုကြည့်လိုက်ပီး........
''Suho Hyung! .......
Luhan Hyung က သေ...သေတော့မှာလားဟင် ....ဗိုက်မှာလည်း ဓားကြီးနဲ့.......သွေးတွေ လည်းအများကြီးထွက်နေတယ် .......လုပ် ....လုပ်ပါဦး Hyung! ......Luhan Hyung သေသွားမှာ ကျွန်တော် ကြောက်တယ် ''''Luhan သေမှာကို မင်းတကယ်ကြောက်တာလား ''
Suho အမေးကို Sehun မျက်ရည် တွေသုတ်ရင်းပြန်ဖြေလိုက်တယ် .....
''Luhan Hyung တစ်ခုခု ဖြစ်သွားမှာကို ကျွန်တော် တကယ်ကြောက်တာပါ ဘာလို့ဆို ကျွန်တော်......ကျွန်တော် Luhan Hyung ကို ချစ်လို့ပါ ....ကျွန်တော် Luhan Hyung ကို အဆုံးရှုံး မခံနိုင်လို့ပါ ''
''ကောင်းပီ လေ Luhan အသက်က မင်းလက်ထဲမှာ ရှိတယ် Sehun.......ဘာလို့ဆို မင်းသာ Luhan mate ဆိုရင် မင်းရဲ့ သွေးနဲ့ သူ့အသက်ကိုကယ်လို့ရတယ် ............''
''တ...တကယ်လား Suho Hyung! ........
အဲ့ဒါ ဆို ကျွန်တော် သွေးကိုပေးမယ် ''Sehun စကားဆုံးတာနဲ့ Suho ကLuhan ဝမ်းဗိုက်မှာ စိုက်ဝင်နေတဲ့ ဓားကို ဆွဲနုတ်ပီး Sehun လက်ကောက်ဝတ် ကိုသွေးထွက်အောင်လုပ်လိုက်တယ် ဆိုရင်ပဲ ဓားက မြူမှုန် လေးတွေ ဖြစ်သွားတယ်...........
Sehun လက်က သွေးစက်တွေက Luhan နှုတ်ခမ်း ထဲ တစ်တောက်တောက် စီးဝင်သွားတော့ Luhan မျက်ခွံလေးတွေ လှုပ်လှုပ်ရှားရှား ဖြစ်လာတယ် ..........
''မင်းရဲ့ သွေးက အလုပ်ဖြစ်တယ် Sehun မင်းက Luhan mateပဲ ''
အရာအားလုံး အဆင်ပြေနေပေမယ့် Gyeohun တစ်ယောက် နှာဝကို လက်နှင့်အသာပိတ်ပီး ခြံထဲကို ပြေးထွက်သွားပါတော့တယ် ...........Gyeohun ထွက်သွား တော့ သူခေါ်လာခဲ့တဲ့ ကောင်မလေး လည်း သူ့နောက်က လိုက်ထွက်သွားတယ် ........
