လှေကားပေါ်ကနေ Suho တစ်ယောက် အရေးကြီးသုတ်ပြာနဲ့ ပြေးဆင်းလာပီး ပြောလိုက်တဲ့ စကားကြောင့် ရန်ဖြစ် နေတဲ့ Luhan နဲ့ Sehun မျက်လုံးအပြူးသား နဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ ပြည့်နှက်သွားလေရဲ့...................
''GYEOHUN မရှိတော့ဘူး...............!''
''NAE!......မမ.....မရှိတော့ဘူး........''
Sehun တစ်ယောက် Luhan ရင်ခွင်ထဲကို ပျော့ခွေကျသွားလေရဲ့..........နောက်ပီး ပါးစပ်ကလည်း တုန်တုန်ယင်ယင်နဲ့..........
''Hyung လုပ်ပါဦး မမ.....မရှိတော့ဘူးတဲ့.......ကျွန်တော်.......ကျွန်တော် ''
ပြောရင်း ပြောရင်း နဲ့ အသံတွေတောင် တိမ်ဝင်သွားလေရဲ့.........
''Sehun ရာ ငိုမနေနဲ့တော့ မင်းအမက သေသွားတာမှ မဟုတ်တာ ပျောက်သွားတဲ့ဟာကို ''
Suho စကားကြောင့် Sehun မျက်နှာက ကြောင်တောင်တောင် ပုံစံဖြစ်သွားပီးတော့...............
''မမ က သေသွားတာ မဟုတ်ဘူးလား ''
''မဟုတ်ပါဘူး ပျောက်သွားတဲ့ဟာကို ''
''Sehun yaမငိုနဲ့တော့နော် ကောင်မလေး ကို ပြန်ရှာကြမယ်လေ Hyung တို့အတူတူ လိုက်ရှာကြမယ်နော် ..................''
''တကယ်နော် Hyung! ''
ငိုမဲ့မဲ့ရုပ်နဲ့ Sehun မေးတော့ Luhan က........
''တကယ်ပေါ့ Sehun ရဲ့ မငိုနဲ့တော့နော် ''
''အင်း......''
သူတို့ နှစ်ယောက်ကိုကြည့်ပီး သက်ပြင်းချမိသူက Suho ......ဒီနှစ်ကောင် တတ်လဲ တက်နိုင်ကြတယ်လို့ပေါ့......ရန်ဖြစ် လိုက် ပြန်တည့်လိုက်နဲ့ လေ...........
'''''''''''''''''''''''''''''''''''''''''''''''''''''''''''
ဦးခေါင်း တစ်ခုလုံး နာကျင်နေပေမယ့် အားယူပီး ကုန်းထလိုက်မိတယ်..........အဖြစ်အပျက်တွေက မြန်ဆန်လွန်းတယ် ဒါပေမဲ့ ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာတော့ သူမ မမှတ်မိတော့........အထပ်ထပ်အခါခါ ပြန်စဉ်းစားလည်း ဘာဆိုဘာမှ မမှတ်မိတော့...............
