part 30

64 9 4
                                    

အပိုင်း 30

    ဒီနေ့ ယွန်းဂီ တစ်ယောက် ဂျောင်ဂုပိုင်တဲ့ ဟိုတယ်တစ်ခုကို လာရောက်၍ စစ်ဆေးခြင်းဖြစ်သည်။ ဂျောင်ဂုက ဒီနေ့တွင် နိုင်ငံခြားမှ သူ၏လုပ်ငန်းစုကြီးအတွက် အစည်းအ‌ဝေးထိုင်ရမည် ဖြစ်တာကြောင့် သူ့ကိုလာ၍စစ်‌ ဆေးခိုင်းခြင်းဖြစ်သည်။5 Star အဆင့်မြှင့်ဟိုတယ် ဖြစ်သည့်အလျှောက် အဆင့်အတန်း နဲ့အညီ ပြင်ဆင်ထားခြင်းများသည် တကယ့်အံ့မခန်းပေဖြစ်သည်။

  နိုင်ငံခြားသားများ ကအစ လာရောက်တည်းခိုသူများကလည်း တကယ့် ဒိတ်ဒိတ်ကြဲသူတွေချည်းပဲ...

   ယွန်းဂီ ဟ်ိုတယ်၀န်းတစ်ခုလုံးကို လှည့်ပတ်စစ်ဆေးပြီးအချိန်ကိုကြည့်လိုက်တော့ နေ့လည်စာ စားချိန်တောင် ရောက်နေပြီဖြစ်သည်။ ထို့နောက် သူဖုန်းနံပါတ်တစ်ခုကို ကောက်ဆက်လိုက်ပြီးစကားစပြောလိုက်လေတော့သည်။

    "ဟယ်လို..အသေးလေး..အခု ထမင်းစားချိန်ရောက်ပြီလား...."

  "................"

   "အော်..ဟုတ်ပြီ..ထယ်ယောင်းကိုပါ ခေါ်ထားလိုက်နော်...ကိုယ်အခု လာကြိုပြီ."

   ယွန်းဂီ.... ဘဲပေါက်လေးကို ဖုန်းဆက်လိုက်ပြီး..အပြင်မှာ တွေ့ဖို့ချိန်းလိုက်သည်။ ထိုကလေးတွေရဲ့ ပထမနှစ်၀က်ပြီးလို့ ဒုတိယနှစ်၀က်တောင် ရောက်နေပြီ...ကလေးနှစ်ယောက်ကိုလည်း အပြင်မှာ လိုက်ကျွေးရင်း တစ်ခုခု၀ယ်ပေးရမည်။ တစ်ယောက်ကတော့ သူရဲ့ အိမ်ရှင်လေးဖြစ်လာမဲ့သူဖြစ်ပြီး တစ်ယောက်ကတော့ သူ့ခယ်မလေး ဖြစ်လာမဲ့သူပဲ မလား...

   သူလည်း ကားသော့ကို ဆွဲလိုက်ပြီး ကျောင်းရှိရာသို့သာ ထွက်လာခဲ့လိုက်သည်။ မထွက်သွားခင် တစ်နေရာဆီသို့ ဖုန်းဖြင့် မက်ဆေ့စ် ရိုက်ပို့ထားလိုက်လေသည်။

  သေချာတာပေါ့..ကျောင်းလွှတ်ချိန် သူ့ကလေးကို မတွေ့ရင် ဗျာများနေမဲ့ သူ၏ ညီငယ်ကိုပင်......

...................................................................................…...........…......

ဂျီမင်းသည် လူကြီးဖုန်းဆက်ပြီးသောအခါ ထယ်ယောင်းကိုပါ ခေါ်၍  ကျောင်း‌ပေါက်၀တွင် စောင့်နေရန် တွေးလိုက်သည်။ ထယ်ယောင်းနဲ့အတူ ရယ်မောရင်း ထွက်လာပြီးနောက် တစ်နေရာ အရောက်တွင် ထယ်ယောင်းသည် လူတစ်ယောက်ကို တွေ့လိုက်၍ ပြုံးရွှင်ပြီးနှုတ်ဆက်လိုက်လေသည်။

My heart owner Where stories live. Discover now