အပိုင်း 36
ဒီနေ့မနက်စောစော ဂျောင်ဂု ဦးစွာ နိုးလာလေသည်။ ပြီးတော့ ရင်ခွင်ထဲရှိကောင်လေးကို တစ်စိမ့်စိမ့်ကြည့်လိုက်ပြီး ပါးပြင်ပေါ်က ပါးချိုင့်လေးထင်းနေအောင်ပြုံးမိလိုက်သည်။ဒီကလေးလေးသည် အခုတွင် သူ့ခင်ပွန်း သူ့အပိုင်ဖြစ်လေသည်။ ဘယ်လိုအတားအဆီးတွေပဲလာလာ ရအောင်ကာကွယ်မည်။
သိပ်ခက်မိသား..ဂျွန်ဂျောင်ဂုရယ်...ကိုရီးယားကို ကလဲ့စားချေချင်လို့ပြန်လာတာ..အခုတော့ အနာဂါတ်ခင်ပွန်းလေးကိုတွေ့ပြီး ဘာမှတောင်မလုပ်နိုင်တဲ့အထိ..ဒါပေမဲ့ အခုနေများ သူ့ခင်ပွန်းကို လက်ကလေးနဲ့မပြောနဲ့ အကြည့်နဲ့ပစ်မှားမိရင်တောင် အဲ့လူက ငရဲကိုကျိန်းသေရောက်သွားမှာပင်...
စဉ်းစားရင်း တစ်လှုပ်လှုပ်နဲ့နိုးလာသော ကလေးကြောင့် ကလေးငယ်ရဲ့ နဖူးလေးပေါ်က ဆံပင်လေးများကို ပွတ်သပ်ပေးနေလိုက်သည်။ တစ်ဖြေးဖြေးဖွင့်လာသော မျက်လုံးညိုလေးကြောင့် သူထပ်မံပြုံးမိလိုက်သည်။
"Morning...ကိုယ့်ခင်ပွန်းလေး...ဒီနေ့လျှောက်လည်ရအောင်လေနော်...ပြီးတော့ နောက်နှစ်ရက်လောက်နေရင် ပြန်ကြမယ်...ဟိုရောက်ရင် ခဏနားပြီး မင်းလေးကျောင်းတက်ရတော့မယ်လေ.."
"ဟီး....ကိုကို..တကယ်နော်..အဲ့တာဆို ဟိုရောက်ရင် ကိုကိုလည်း အလုပ်လုပ်ရတော့မှာပဲ..အင်းမ်း..ဒါဆို..သားကို လကုန်ရင် အကုန်အပ်ရမှာနော်..ယောကျာ်း..ဟီး.."
ဂျောင်ဂု မနက်စောစော နှုတ်ခမ်းကိုက်ပြီး လက်သီးကိုတင်းဆင်းဆုပ်ထားမိသည်။ မဟုတ်ရင်..သူ့ရှေ့ကကောင်လေး နောက်ထပ် နေရောင်ကိုတောင်မြင်ရမယ်မထင်...ရှိသမျှပိုင်ဆိုင်မှု့ကိုတွေကို စိတ်မ၀င်စားပဲ လစာလေးကို မျှော်လင့်နေသေးတယ်..သူ့ယောကျာ်းက တစ်လမပြောနဲ့ တစ်စက္ကန့်မှာတင် ၀င်ငွေဘယ်လောက်လဲဆိုတာ မသိဘူးထင်ရော့..သိလည်းသိမယ်မထင်..ဘာလို့ဆို သူ့ကလေးငယ်က ပိုက်ဆံကို စိတ်မ၀င်စားလို့ပေ.အခုတောင် သူ့ကို ပြုံးပြီးစ နေတာ မသိတာကျလို့...
"အဟွန်း..ဟုတ်ပါပြီခင်ဗျ...ဒီက ဂျွန်ဂျောင်ဂုခေါ်.. Steven jeon lan က ချစ်ခင်ပွန်းလေးကို တစ်ပြားမကျန်အကုန်အပ်ပါ့မယ်ခင်ဗျ...ကျေနပ်ပြီလားဗျ..."
